အောက်တိုဘာလတွင် Workfare အထူးငွေပေးချေမှုကို ဝင်ငွေနည်းသော စင်ကာပူနိုင်ငံသား ၄၇၀,၀၀၀ လက်ခံရရှိ

Share ရန်


၀င်ငွေနည်းသော စင်ကာပူအလုပ်သမား ၄၇၀,၀၀၀ ခန့်သည် အောက်တိုဘာ ၂၈ ရက်မှစ၍ Workfare အထူးထောက်ပံ့ငွေကို ရရှိလိမ့်မည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာနက သောကြာနေ့ (အောက်တိုဘာ ၂၃) တွင် ပြောကြားခဲ့သည်။

Work4

အထူးထောက်ပံ့ငွေကို ဒုတိယ၀န်ကြီးချုပ် Heng Swee Keat က မသေချာမရေရာသေးသည့် COVID-19 ကာလအတွင်း အကူအညီပိုမိုလိုအပ်နေသော စင်ကာပူနိုင်ငံသားများအား ပိုမိုကောင်းသည့်အာမခံချက်နှင့် ပံ့ပိုးမှုပေးသည့် ခြေလှမ်းတစ်ခုအနေဖြင့် မတ်လ ၂၆ ရက်မှာ ပြုလုပ်သော Resilience Budget ၌ကြေငြာခဲ့သည်။

Work2

ဇူလိုင်နှင့်အောက်တိုဘာလများတွင် ပေးမည့် ထောက်ပံ့ငွေပမာဏမှာ နိုင်ငံသားတစ်ဦးစီအတွက် စင်္ကာပူဒေါ်လာ ၃၀၀၀ ထောက်ပံ့ပေးမည်။ ဩဂုတ်လ ၁၇ ရက်နေ့က ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဘဏ္ဍာရေးဝန်ကြီး Mr Heng က Workfare အထူးငွေကြေးထောက်ပံ့မှုကို ၂၀၂၀ခုနှစ်တွင် လုပ်ငန်းအတွက် Workfare ဝင်ငွေထောက်ပံ့မှုရရှိသည့် တခြားအလုပ်သမားပေါင်း ၇၀,၀၀၀ ကို ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ပြီး Workfare အထူးထောက်ပံ့ငွေရရှိပြီးသား သူများကိုတော့ မပေးတော့ဘူးဟု ပြောကြားခဲ့သည်။

Work1

ဤထပ်မံပေးဆောင်မည့် အလုပ်သမား ၇၀,၀၀၀ သည် ယခုလမှာ Workfare အထူးငွေထောက်ပံ့မှုအဖြစ် ဒေါ်လာ ၃၀၀၀ အထိ အပြည့်အ၀ ရရှိမည်ဖြစ်သည်။ ထိုအလုပ်သမားအများစုသည် အစောပိုင်းက Workfare အထူးငွေထောက်ပံ့မှုအတွက် အရည်အချင်းပြည့်မှီခဲ့ကြပြီး ၂၀၁၉ ခုနှစ်တွင် လုပ်ခဲ့သော အလုပ်များအတွက်ဇူလိုင်လ၌ ဒေါ်လာငွေ ၁၅၀၀ ကို ပထမဆုံးရရှိခဲ့သည်။

Work 1

အလုပ်သမားများအတွက် ယခုလ ထောက်ပံ့ငွေ ဒေါ်လာ ၁၅၀၀ ကို သူတို့၏ ဘဏ်အကောင့်မှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် တိုက်ရိုက်လွှဲပေးခြင်း သို့မဟုတ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် သူတို့၏နေရပ်လိပ်စာသို့ ချက်လက်မှတ်ဖြင့်သော်လည်းကောင်း ပေးဆောင်မည်။
Source: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ