Kaki Bukit dormitory မှ အလုပ်သမားတစ်ဦး ခုန်ချရန် ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေခဲ့

Share ရန်


ဇူလိုင် ၃၁ ရက်နေ့ ညသန်းခေါင်ယံတွင် The Leo နာမည်ရှိ Kaki Bukit အလုပ်သမားအဆောင်တွင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် ပြတင်းပေါက်အပြင်ဘက်တွင် မတ်တပ်ရပ်နေခဲ့၍ ရဲတပ်ဖွဲ့မှ စိတ်ကျန်းမာရေးအက်ဥပဒေအရ ဖမ်းဆီးခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် လက်တစ်ဖက်ဖြင့် ပြတင်းပေါက်ကိုကိုင်ကာ နောက်လက်ဖက်က အမဲရောင် face mask ဟုထင်ရတဲ့အရာကို ကိုင်ထားခဲ့သည်။ သူသည် အခြားအဆောင်နေသူများကို စကားလှမ်းပြောနေပြီးနောက် ထိုလူများက သူ့လက်ကိုလှမ်းဆွဲရန် ကြိုးစားခဲ့သော်လည်း လွတ်သွားခဲ့သည်။ သူကိုင်ဆောင်ထားသော face mask ကို လက်ထဲမှ အောက်ထပ်သို့ပစ်ချခဲ့သည်။

အဆောင်နေအခြားသူများများက သူ့အားတားဆီးရန် လက်ကို ခဏခဏလှမ်းဆွဲသော်လည်း သူကရှောင်ခဲ့သည်။ အချိန်အတန်ကြာပြီးနောက် အဆောင်နေအခြားသူများက သူ့အား တိုက်ခန်းထဲသို့ ပြတင်းပေါက်မှတဆင့် အောင်မြင်စွာဆွဲသွင်းနိုင်ခဲ့သည်။ ထိုလူအား ရဲများက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအက်ဥပဒေအရ ဖမ်းဆီးခဲ့သည်။

အကယ်၍ ရွှေ့ပြောင်းအလုပ်သများနှင့်ပတ်သက်ပြီး အကူအညီတောင်လိုလျှင်
Migrant Workers’ 24-hour helpline: 6536 2692
MOM feedback form: www.mom.gov.sg/efeedback
HOME Helpline for Migrant Workers: 6341 5535
TWC2 Helpline for Migrant Workers: 6297 7564 သို့ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
Credit: Mothership

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ

error: Alert: Content is protected !!