၂၀၂၄ ခုနှစ်လောက်မှသာ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်တော့မည့် လေကြောင်းလိုင်းများ

Share ရန်


၂၀၂၀ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် လေကြောင်းကုန်သွယ်ရေးအဖွဲ့၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်လောက်မှသာ ကမ္ဘာလုံးဆိုင်ရာလေကြောင်းလိုင်းများသည် COVID-19 ကူးစက်မှုမဖြစ်ခင် ယခင်အချိန်သို့ ရောက်ရှိလိမ့်မည်ဟုမျှော်လင့်ရသည်။

ယခင် COVID-19 မဖြစ်ခင် လေဆိပ်အခြေအနေ

အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) သည် အမေရိကန်ပြည်ထောင်စုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ဖြစ်ပွားမှုနှုန်းနှေးကွေးမှုကြောင့် ခန့်မှန်းခြင်းကို တစ်နှစ်လျှော့ချခဲ့သည်။

ခြောက်ကပ်နေသော လေဆိပ်

ဧပြီလတွင် လေကြောင်းလုပ်ငန်းပိတ်သိမ်းမှုများ ရိုက်ခတ်ခဲ့သည်။ IATA အကြီးအကဲစီးပွားရေးပညာရှင် Brian Pearce အွန်လိုင်းမီဒီယာ ရှင်းလင်းချက်တွင်ပြောကြားခဲ့သည်မှာ ယခုအချိန်တွင် ပြန်လည်တိုးတက်မှုကို မြင်နိုင်လောက်ဖွယ်မရှိဟုဆိုသည်။

COVID-19 ကာကွယ်ရေးအတွက် ပြင်ဆင်ထားပုံ

ဥရောပ၊ အမေရိကန်နှင့် တရုတ်နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်တိုးတက်လာသော်လည်း လေကြောင်းခရီးစဉ်များ ပြန်မတက်လာကြောင်း Pearce မှပြောကြားခဲ့သည်။ လွန်ခဲ့သောတစ်နှစ်နှင့် နှိုင်းယှဉ်လျှင် ဇွန်လတွင် လေယာဉ်ပြေးနှုန်း ၈၆.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ ဧပြီလတွင် လွန်ခဲ့သောတစ်နှစ်ကထက် ၉၄.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

လူသူမရှိသော လေဆိပ်မြင်ကွင်း

လေကြောင်းလိုင်းများသည် ခရီးသည်အပြည့်ဖြည့်ရန် ရုန်းကန်နေရသည်။ ကမ္ဘာတစ်ဝှမ်းရှိ ပြည်တွင်းလေကြောင်းလိုင်းများတွင် ပျံသန်းမှု ၆၂.၉ ရာခိုင်နှုန်းသာရှိသည်။ အပြည်ပြည်ဆိုင်ရာခရီးသွား ၃၈.၉ ရာခိုင်နှုန်းပြည့်သာ ရှိသည်။
Source: Mothership

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ