ရှုမငြီးရဲ့လင်ငယ်လုပ်မယ့် အလင်းသခင်
အနုပညာလောကမှာ မော်ဒယ်သရုပ်ဆောင်အဖြစ် လူကြိုက်များလာတဲ့ အလင်းသခင်နဲ့ ခဏတာ….
မမရှူမငြီးနဲ့က ပထမသီချင်းတစ်ပုဒ်ကတည်းက တွဲရိုက်ဖြစ်တာပါ။ ညကြီးရောက်တော့ အမကသူ့ငယ်လုပ်ပေးပါဆိုလို့ ဖုန်းဆက်လာတယ်။ ရပါတယ်အမရယ်ပေါ့ အနုပညာကြေးပြောပြီး အဆင်ပြေသွားတာပေါ့။ ကျွန်တော်နဲ့အမက အရမ်းခင်ဖြစ်သွားတာပါ။ အခုတော့ သူ့လင်ငယ်အဆင့်ရောက်နေတာ။

အနုပညာကို အနုပညာလို့မြင်ပြီး တီထွင်ဆန်းသစ်မှုတွေဆိုတာ ရှိတယ်လေ။ အခုလိုမျိုး ဆန်းသစ်လာတာလည်း ကောင်းပါတယ်။ ကိုမင်းဟိဏ်းနဲ့ တခါမှအဆုံဖူးဘူး။ မမရှူက တစ်ခုကောင်းတာက ဘယ်တော့မှ ဈေးမဆစ်ဘူး။ အခုရိုက်တာလည်း တခန်းပဲပါတာကို ငါးသိန်းပဲတောင်းလိုက်တယ်။

သီချင်းထွက်လာရင်လည်း အဆဲခံရမှာတော့ သေချာတယ်။ ဒါပေမယ့် ကျွန်တော်ကမကြောက်ပါဘူး။ သူဌေးပို့စ်နဲ့ပတ်သက်ပြီး ပြောချင်တာက လူတော်တော်များများက သူဌေးဆိုရင် အကုန်အကောင်းထင်ကြတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာအများကြီး ရှိပါတယ်။ မိဘကလည်း ဆင်းရဲသလို ကျွန်တော်ကိုယ်တိုင်ကလည်း ဆင်းရဲတယ်။ ကျွန်တော်ဝတ်တာစားတာကစ ဈေးပေါတယ်ပေါ့နော်။

သူတို့အချင်းချင်း ပိုက်ဆံရှိတဲ့သူတွေပဲ ပေါင်းဖြစ်ကြတယ်။ အကူညီတောင်းချင်တဲ့အချိန်ဆို လာကြတယ်။ သူငယ်ချင်းတော်တော်များများက လိုရင်လာပေါင်းကြတယ်။ ပိုရင်လည်း မျှမပေးကြပါဘူး။ ကျွန်တော်က ဖိနပ်တစ်ရံကို လေးငါးခြောက်သောင်းတန်လောက်ပဲ စီးဖြစ်တယ်။ အိမ်မှာလက်ရှိ ဖိနပ်အရံ ၁၀၀ ကျော်လောက်ရှိတယ်။ ကျွန်တော်က ဖိနပ်တစ်ရံကို သုံးခါလောက်စီးပြီးရင် လွှင့်ပစ်လိုက်ရော။

ကျွန်တော်က သူများကို လက်ဆောင်ပေးတယ်။ အိမ်မှာလာလည်တဲ့သူငယ်ချင်းတွေက တောင်းရင်လည်း လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော့် ပရိတ်သတ်တွေက အမှတ်တရလက်ဆောင်ပေးပါလို့ ပြောရင်လည်း သေချာထုတ်ပြီး ပို့ပေးပါတယ်။
အိမ်ကိုလည်း ကိုယ်ပိုင်အခန်းလေးကို စိတ်ကြိုက်ပြင်ဆင်ထားတာပါ။ ချစ်သူက ဒီနေ့လာမှာ။ သူနဲ့က လေးနှစ်လောက်တွဲလာတာ အတူစားသောက် သွားလာပေါ့။ ရုပ်ရှင်ကားတွေကို အပြီးသတ်ဖို့ ကျန်ပါသေးတယ်။ ကျွန်တော့်ကို ချစ်တဲ့ပရိတ်သတ်တွေအားလုံး အသက်ရှူတိုင်း ပိုက်ဆံဝင်ပါစေလို့ အလင်းသခင်က ပြောသွားပါတယ်။
Source: Sunday Journal