The voice ပြိုင်ပွဲဝင်ကလေးတွေကို အနိုင်ကျင့်တာ မဟုတ်ပါဘူးဆိုတဲ့ ဘဝ

Share ရန်


The voice myanmar ပြိုင်ပွဲကို နှစ်ကြိမ်ဆက်တိုက် ဝင်ပြိုင်ခဲ့ပြီး ကိုယ်တိုင်လည်း သီချင်းတွေ ထွက်ရှိပြီးသား အဆိုတော်တစ်ယောက်က ဝင်ရောက်ယှဉ်ပြိုင်တာဟာ ကျန်တဲ့ကလေးတွေအတွက် နစ်နာနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေအပေါ် အဆိုတော်ဘဝနဲ့ အင်တာဗျူး ခဏတာ…

သူငယ်ချင်းတွေကို လေ့ကျင့်ပေးရင်းနဲ့ သူတို့က မင်းပြန်ဝင်ပြိုင်ကြည့်ပလားလို့ အကြံပေးကြတယ်။ ကျွန်‌တော်က မဖြစ်နိုင်လောက်ဘူးလို့ပြောတော့ သူတို့က ဝင်ပြိုင်ကြည့်တာ အရှုံးလည်း မရှိဘူး။ ဘာမှမဖြစ်ပါဘူးဆိုလို့ ပြိုင်ဖြစ်သွားတာပါ။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်အိမ်မက်ရှိပါတယ်။

Voice1

ပြိုင်ပွဲဆိုတာက အဆင့်ဆင့်သွားတာပါ။ ကျွန်တော်က အနုပညာနဲ့ပတ်သက်ရင် မာနမရှိတဲ့အတွက် ဘယ်သူတွေ ဘာပဲပြောပြော ရပါတယ်။ ကျွန်တော့်ဘာသာ ရှေ့ဆက်ပြီး လုပ်စရာရှိတာတော့ လုပ်မှာပါ။ ကလေးတွေကို ဝိုင်းအနိုင်ကျင့်တယ်လို့ ပြောတဲ့အပေါ် အဲဒီစကားလေးက နားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် အနိုင်မကျင့်ပါဘူး။ ပြိုင်ပွဲဝင်တွေထဲမှာ ကျွန်တော့်ထက်ကောင်းတဲ့သူတွေ အများကြီးရှိပါတယ်။

Voice4

season 3 ကနဲနဲကျပ်တယ်။ ပညာပြည့်ဝပြီးသားသူတွေ အများကြီးပါတယ်။ သီချင်းခွေတွေ ဘယ်လောက်ပဲထွက်ထွက် ကိုယ့်ခံယူချက်နဲ့ကိုယ် လာပြိုင်ကြတာဖြစ်ပါတယ်။ အဲမှာ အများကြီးနဲ့ ဆုံခွင့်ရတဲ့အတွက် အရမ်းပျော်စရာကောင်းပါတယ်။ အခုကျွန်တော် ပညာတွေ အများကြီး ရပါတယ်။ ဂီတကို မြန်မာသံစဉ်ကစ အကုန်ကြိုက်ပါတယ်။ ကျွန်တော်လုပ်တဲ့ အသံပုံစံတွေက တမင်သက်သက်လည်း လုပ်နေတာမဟုတ်ပါဘူး။ စင်ပေါ်ရောက်သွားရင် အလိုလို မုတွေပါသွားတာပါ။

Voice4

ဒိုင်လေးယောက်လုံးက ကျွန်တော်ငယ်ငယ်ကကြိုက်ခဲ့တဲ့ အဆိုတော်တွေကြီးပါပဲ။ ကိုကျားဆီ သွားရတဲ့အကြောင်းရင်းက သူကအနုပညာနဲ့ပတ်သက်ရင် ပြည့်စုံတယ်၊ ဘယ်အဆိုတော်ကို ဘယ်လိုလုပ်ပေးရမလဲဆိုတာ ကောင်းကောင်းသိတယ်။ သီချင်းတွေလည်း အရမ်းလုပ်နိုင်တယ်။ သူ့စတိုင်ကိုလည်း ကြိုက်လို့ ရွေးဖြစ်သွားတာပါလို့ ပြောသွားပါတယ်။
Credit: Sunday Journal

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ