Spass or EP ကိုင်ဆောင်ထားသူများအား အလုပ်ဆင်းခွင့်ပြု၊ မပြု Application ထဲတွင် စစ်ဆေးနိုင်

Share ရန်


စင်ကာပူနိုင်ငံတွင် Circuit Breaker ကာလအတွင်း လုပ်ငန်းအမျိုးအစားပေါင်းမြောက်များစွာကို ခေတ္တခဏရပ်ဆိုင်းထားရာ အများစုမှာ နေအိမ်မှ အလုပ်လုပ်နေရသည်။ အကယ်၍ မိမိကိုင်ဆောင်ထားသော WorkPass ဟာ အရေးကြီးအခန်းကဏ္ဍမဟုတ်ပဲ ရုံးသို့သွားပြီး အလုပ်လုပ်နေလျှင် MOM မှ WorkPass ကို အချိန်မရွေး ရပ်ဆိုင်းနိုင်သည်။

စင်ကာပူမှ အလုပ်လုပ်ခွင့်ပတ်စ် ကိုင်ဆောင်သူများ မိမိတို့အား လက်ရှိကာလတွင် Ministry of Trade and Industry (MTI) ဝန်ကြီးဌာန စာရင်းအရ မရှိမဖြစ် လုပ်ငန်းများအောက် လုပ်ကိုင်သူများအဖြစ် အလုပ်ဆင်းခွင့်ပြု မပြုအား ယခုအချိန်၌ တစ်ဦးချင်း စစ်ဆေးနိုင်ပါသည်။

sg work pass application
SGWorkPass Application

ထိုသို့စစ်ဆေးရန် မိမိ၏ဖုန်းထဲတွင် SGWorkPass Application အား download ဆွဲပြီး သွင်းထားရန်လိုအပ်ပါသည်။ Android ဖုန်းဆိုလျှင် Google Play Store တွင် ဒေါင်းနိုင်ပြီး iPhone ဆိုလျှင် Apple App Store မှာ ဒေါင်းနိုင်ပါသည်။

SGWorkPass Application အားဖွင့်ပြီး မိမိ WorkPass​ ပေါ်ရှိ QR code အား scan ဖတ်ကာ အလုပ်ဆင်းခွင့်ရှိ၊ မရှိစစ်ဆေးနိုင်ပါသည်။

“Can work on site” ဆိုပြီး အစိမ်းရောင်ပြထားလျှင် ရုံး (သို့) ဆိုက်ထဲဆင်းနိုင်ပြီး “Cannot work on site” ဆိုပြီး အနီရောင်ဖြင့်ပြထားလျှင် ရုံး (သို့) ဆိုက်ထဲမဆင်းနိုင်သေးပါ။

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ