A medical worker collects a swab sample from a woman for a Rapid Antigen Test (RAT) for the Covid-19 coronavirus, in Srinagar on October 1, 2020. (Photo by TAUSEEF MUSTAFA / AFP)

ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းသည် အမေရိကန်နိုင်ငံရှိလူနာတစ်ဦး၏ ဦးနှောက်အရည်ကို ယိုစိမ့်မှု ဖြစ်စေ

Share ရန်


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအတွက် နှာရည် swab ယူစစ်ဆေးခြင်းသည် အမေရိကန်နိုင်ငံရှိအမျိုးသမီး၏ ဦးနှောက်အမှေးပါးများကို ပျက်စီးစေပြီး နှာခေါင်းမှအရည်များယိုစိမ့်လာသောကြောင့် သူမ၏အသက်အန္တရာယ်ကိုစိုးရိမ်ရသည်ဟု ဆရာဝန်က ဆေးဘက်ဆိုင်ရာဂျာနယ်တွင် ကြာသပတေးနေ့က ပြောပြခဲ့သည်။

Brain4

လူနာအမျိုးသမီးသည် အသက်၄၀နှစ်ရှိပြီး အမည်တပ်လို့မရသည့် ရှားပါးဖြစ်ပွားမှုမျိုး ခံစားနေရပြီး သူမခံစားရသောစမ်းသပ်မှုမျိုးသည် မမှန်ကန်သောစမ်းသပ်မှုမျိုးဖြစ်နိုင်သည်။ နှာခေါင်းရည်ကိုယူ၍ စမ်းသပ်စစ်ဆေးခြင်းမှ ဖြစ်ပေါ်လာသည့်နောက်ဆက်တွဲအကျိုးဆက်လည်း ဖြစ်နိုင်သည်။

Brain3

သူမ၏ဖြစ်စဉ်က ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များအနေဖြင့် စမ်းသပ်မှုဆိုင်ရာလုပ်ဆောင်ချက်များကို အနီးကပ်ဂရုစိုက်ပြုလုပ်သင့်ကြောင်း JAMA Otolaryngologyတွင်ဖော်ပြထားသော ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ခြင်းတွင်ပါရှိသော စာတမ်းပြုလုပ်ခဲ့သူ Dr Jarrett Walsh ကပြောပြခဲ့သည်။

Brain1 1

စမ်းသပ်စစ်ဆေးမှုများနှင့်ပတ်သက်၍ လုံလောက်သောလေ့ကျင့်မှုမျိုး ပြုလုပ်ပေးသင့်ကြောင်းနှင့် စမ်းသပ်မှုပြုလုပ်ပြီးနောက် ဂရုစိုက်နေသင့်ကြောင့် ပြောကြားခဲ့သည်။ အထူးသဖြင့် လည်ချောင်း၊ နှာခေါင်းနှင့်နားများကို အထူးဂရုစိုက်ရမည်ဟု စာတမ်းပြုစုမှုတွင် မပါဝင်သော နယူးယောက်ရှိ Lenox Hill ဆေးရုံမှ ဒေါက်တာ Dennis Kraus ကပြောကြားခဲ့သည်။

Brain

အိုင်အိုဝါဆေးရုံတွင် လေ့ကျင့်သင်ကြားနေသော ဒေါက်တာ Walshက လူနာအမျိုးသမီးသည်နှာခေါင်းစစ်ဆေးခြင်းမပြုမီ အူကျခွဲစိတ်မှုပြုလုပ်ခဲ့သေးကြောင်းနှင့် စမ်းသပ်မှုပြီးမှ နှာခေါင်းတစ်ဖက်တွင် အရည်များထွက်လာကြောင်း ပြောကြားခဲ့သည်။
Credit: Today Online

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ