အဆိုတော် မီးမီးခဲ ကွယ်လွန်သွားပြီဆိုတာ သတင်းမှားသာဖြစ်ပါကြောင်း မီးမီးခဲ ကိုယ်တိုင်ရှင်းပြီ

Share ရန်


မကြာသေးမီက အဆိုတော် မီးမီးခဲ ဟာ ကင်ဆာရောဂါကြောင့် ကျန်းမာရေး အခြေနေ စိုးရိမ်နေရကြောင်း သတင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ အခုလက်ရှိမှာတော့ တေးသံရှင် မီးမီးခဲ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေဟာ ပရိသတ်တွေကြားမှာ အတော်လေး ပျံ့နှံ့ခဲ့ပါတယ် ။ ဒီသတင်းတွေဟာ ကောလဟာလတွေသာဖြစ်ကြောင်း မီးမီးခဲရဲ့ တရားဟော ဆရာက သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ ပြန်လည်ဖြေရှင်းခဲ့ပါတယ်

မီးမီးခဲ ကျန်းမာရေးအခြေနေ လွန်ခဲ့တဲ့ ရက်ပိုင်းတွေထက် အနည်းငယ်ပိုသက်သာပါတယ်။ခုနက ကျွန်တော် တရားဟောတာကို သူတို့ လင်မယား ၂ ယောက် Online ကနေနားထောင်နေတဲ့ပုံလေး သူ့အမျိုးသား Brice က ကျွန်တော့်ဆီပို့ပေးထားပါတယ်။ သူ့အမျိုးသားနဲ့ ကျွန်တော်နဲ့ ပြောထားတဲ့ အချိန်လေး ပါပါတယ်။ သတင်းကို မသေချာပဲ တင်တဲ့သူများ ကျေးဇူးပြုပြီး သတိထားပေးကြပါခင်ဗျာ။ ကျွန်တော် သူ့အမျိုးသားနဲ့ရော မီးခဲ နဲ့ ရော နေ့တိုင်း အဆက်သွယ်ရှိပါတယ် လို့ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

မီးမီးခဲကိုယ်တိုင်ကလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိတ်သတ်ကြီးရှင့် ! ကျွန်မ မီးမီးခဲ လက်ရှိကျန်းမာရေးအခြေနေမှာ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။ လူအများကြီးက ဖုန်းခေါ်လာပြီးသတင်းမေးမှ Facebook မှာ သတင်းအမှားကြီးတက်နေတယ်ဆိုတာသိရလို့ပါ။ ကျွန်မရဲ့ ကျန်းမာရေးအတွက်ဆက်လက် ဆုတောင်းပေးကြပါနော်။ ဆိုတဲ့စာသားလေးနဲ့အတူ သူမကွယ်လွန်တယ်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

Source : မီးမီးခဲ

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ

error: Alert: Content is protected !!