စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ မေလ ၁၆ရက်နေ့တွင် စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ် ပြေးဆွဲမည်

Share ရန်


စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြေးဆွဲမည့် စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်ကို မေလ ၁၆ရက်နေ့  ၂၀၂၀ (စနေနေ့)တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ဖြင့် စီစဉ်ထားကြောင်းသိရှိရသည်။

ဖော်ပြပါနေ့ရက်တွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် စုစုပေါင်း ခရီးသည် (၁၄၆) ဦးလိုက်ပါနိုင်မည်ဖြစ်ပြီး အဆိုပါစာရင်းတွင် ပါဝင်သည့်ခရီးသည်များအနေဖြင့် စင်ကာပူအစိုးရ၏ COVID-19 ထိန်းချုပ်ကာကွယ်ရေးအစီအမံဖြစ်သည့် Quarantine လုပ်နေရသူများ နှင့် Stay Home Notice ရ ထားသူများဖြစ်ပါက မြန်မာနိုင်ငံသို့ ပျံ့သန်းမည့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်မည် မဟုတ်ပါ။

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါနိုင်ခြင်းမရှိပါက အစားထိုးဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံး (စင်ကာပူ) ဖုန်းနံပါတ်ဖြစ်သည့် 81990528 နှင့် 98273447 တို့ကို စာပို့၍ ချက်ချင်းဆက်သွယ်အကြောင်းကြားပေးပါရန် ကြေငြာထားသည်။

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် လူနာခရီးသည်များအနေဖြင့် ခရီးသွားလာအရေးအတွက် ကျန်းမာကြောင်းဆေးစစ်ချက် (Fly to Fly) တင်ပြရန် လိုအပ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ဆေးကုသမှုဆက်လက်ခံယူရန် လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် မိမိတို့၏ဆေးကုသမှုမှတ်တမ်းများအား သံရုံးသို့ ကြိုတင် ဆက်သွယ်ပေးပို့ထာရန် လိုအပ်ပါသည်။

လိုက်ပါမည့် ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ယူရန် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ၏ ဖုန်းနံပါတ် 62388603 နှင့် 92707058 တို့ကို ရုံးချိန်အတွင်း ( တနင်္လာနေ့မှ သောကြာနေ့အတွင်း မနက် ၉နာရီမှ ညနေ ၅နာရီအတွင်း) ဖုန်းဆက်၍သော်လည်းကောင်း ၊ [email protected] သို့ email ပို့၍သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။ လိုက်ပါမည့် ခရီးသည်များအားလုံး နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။

စတုတ္ထအကြိမ် လိုက်ပါနိုင်သူများစာရင်း

4th-ReliefFlightB
ဓါတ်ပုံကို နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်

ဓါတ်ပုံကို နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်

ကယ်ဆယ်ရေးလေယာဉ် ဖြင့် လိုက်ပါမည့်သူများအားလုံး မြန်မာနိုင်ငံ​၊​ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သလို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် Facility Quarantine (၂၁) ရက်နှင့် Home Quarantine (၇) ရက်၊ စုစုပေါင်း (၂၈)ရက်ကို မပျက်မကွက်လိုက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အကယ်၍ Hotel Quarantine ပြုလုပ်လိုသူများအနေဖြင့် မေလ ၁၄ ရက်နေ့ နောက်ဆုံးထား၍ အထက်ဖော်ပြပါ သံရုံးဖုန်းနံပါတ်များသို့ စာပို့၍ ကြိုတင်စာရင်းပေးသွင်းရမည်ဟု အသိပေးကြေညာထားသည်။


Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ

error: Alert: Content is protected !!