စင်္ကာပူနိုင်ငံတွင် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်သောကြောင့် Grab Driver တစ်ဦးကို ဖမ်းဆီး

Share ရန်


Grab ယာဉ်မောင်းတစ်ဦးက စက်တင်ဘာ (စက်တင်ဘာ ၂၉) ရက်နေ့တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုကျူးလွန်ခြင်းကြောင့် လွန်ခဲ့သော ၂ နှစ်က ဘားမှအပြန်ခဲ့သည့် အသက် ၁၉ နှစ်အရွယ်ခရီးသည်အား မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု ပြောကြားခဲ့သည်။ အသက်၄၆နှစ်အရွယ် Tan Yew Sinသည် သူ၏ကားပေါ်တွင် ထိုမိန်းကလေးအား မုဒိန်းကျင့်ရန် ကြိုးစားမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ကျူးလွန်ခြင်းများအတွက် စွဲချင်တင်ခံခဲ့ရသည်။

တရားစွဲဆိုခြင်းအရ ၂၀၁၈ခုနှစ် မေလ၁၉ရက်နေ့တွင် ထိုမိန်းကလေးအား Wildseed Bar at Seletar Aerospace Park မှ သူမအိမ်သို့သွားရန် ကားငှားရမ်းခဲ့ခြင်းကို လက်ခံခဲ့သည်။ ထိုမိန်းကလေးသည် ဘားသို့သူမ၏သူငယ်ချင်းများနှင့်သွားရောက်ခဲ့ပြီး တညနေလုံးဘီယာငါးခွက်လောက် သောက်ခဲ့သည်ဟု တရားစွဲဆိုမှုကပြောကြားခဲ့သည်။ သူမသူငယ်ချင်းက ကားငှားရန်ကူညီပေးခဲ့ပြီး သူငယ်ချင်းနှစ်ယောက်က သူမသည်မူးယစ်ထွေနေပြီး ငိုနေသည့်အပြင် လမ်းမလျှောက်နိုင်ဘူးဟု ပြောကြားခဲ့သည်။

Grab1

တရားခံမိန်းကလေး၏သူငယ်ချင်းသည် သူမ၏အိမ်သို့ခေါ်ဆောင်ပေးရန် ကားသမားအားတောင်းဆိုခဲ့ကြောင်း ကားပေါ်တွင်တပ်ဆင်ထားသောဗီဒီယိုကင်မရာမှ သိခဲ့ရသည်။ သူမအိမ်သို့ရောက်သောအခါ ကားမောင်းသမားကို ကျေးဇူးတင်ကြောင်းပြောပြီး တရားခံမိန်းကလေးကို သူမအိမ်သို့ပြန်ရောက်ပြီဖြစ်ကြောင်း စာပို့ရန် တောင်းဆိုခဲ့သည်။

Grab2

တရားခံမိန်းကလေးသည် ကားနောက်ခန်းထိုင်ခုံပေါ်တွင် အိပ်ပျော်သွားပြီး Tanကသူမကိုစကားပြောဖို့ကြိုးစားသောအခါ ငိုနေခဲ့သည်ဟု လက်ထောက်အစိုးရရှေ့နေများ Muhamad Imaduddien၊ Chew Xin Ying နှင့် Emily Kohတို့က ပြောကြားခဲ့သည်။

Grab3

သူမကအိပ်ပျော်သွားပြီး Tanအနေနှင့် သူမကိုနိုးရန်ကြိုးစားခဲ့သည်။ သူမက ကားပေါ်ကဆင်းခဲ့ပေမယ့် ကားတံခါးနားထိကို ရောက်အောင်မဆင်းနိုင်ခဲ့ပေ။ Tanကတော့ လက်ထက်ပြီးသား ကလေးသုံးယောက်အဖေဖြစ်သည်။ ကားနောက်ခုံပေါ်တွင် တုံလှုပ်ခြောက်ခြားစွာငိုနေပြီး ကားပြတင်းပေါက်မှန်ကို ခေါင်းဖြင့်တိုက်နေသောကြောင့် သူမကိုနှစ်သိမ့်ရန် ကားနောက်ခန်းသို့ သွားခဲ့ကြောင်း Tan ကပြောကြားခဲ့သည်။

Grab2

သူမ၏အိတ်ထဲသို့ သူမရဲ့လိမ်စာကိုသိရှိရန်နှင့် သူမကိုပြန်ပို့ရန်တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ဖို့ သူမဖုန်းကိုရှာခဲ့သည်။ Tan ကနောက်ပိုင်းတွင် ကားကို တခြားနေရာသို့မောင်းသွားခဲ့ပြီး သူမကိုလိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုများကို စတင်ခဲ့သည်။ နောက်ဆုံး၌ သူမနေအိမ်သို့ ပြန်ပို့ရန်အတွက် ကားမောင်းခဲ့သည်။

ရဲကိုအကြောင်းကြား၍ လူနာတင်ယာဉ်ကားရောက်သည်အထိ စောင့်နေခဲ့သည်။ တရားစွဲဆိုချက်အရ သူမကိုစစ်ဆေးမေးမြန်းဖို့ကြိုးစားသည့်အခါ ငိုနေခဲ့ကြောင်းကို သူနာပြုတစ်ယောက်က သက်သေလိုက်ပေးလိမ့်မည်။ Tan ရဲ့ DNAကို တရားခံမိန်းကလေး၏အတွင်းခံတွင် တွေ့ရှိရသည်။
Credit: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ