စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများ ခေါ်ယူမှုနှင့်ပတ်သက်၍ PM Lee ၏ ဖြေရှင်းပြောကြားချက်များ

Share ရန်


သမ္မတ၏မိန့်ခွန်းနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများတွင် ဝန်ကြီးများကို ကတိပေးခဲ့သည့်အတိုင်း PM Lee က “အစိုးရဟာ စင်ကာပူနိုင်ငံသားတွေဘက်မှာအမြဲရှိနေမှာပါ။ နိုင်ငံခြားသားအလုပ်သမားတွေက စင်ကာပူနိုင်ငံသားတွေအတွက် အကျိုးမပြုဘူးဆိုရင် ကျွန်တော်တို့ ဘာလို့ အလုပ်အကိုင်အခွင့်အလမ်းတွေပေးခဲ့မှာလဲ။ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်က စင်ကာပူနိုင်ငံရဲ့ စီးပွားရေးတိုးတက်စေဖို့နဲ့ စင်ကာပူနိုင်ငံသားတွေရဲ့ လူနေမှုဘ၀တွေကို မြင့်မားစေဖို့ နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်အကိုင်အခွင့်အလမ်းပေးခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

People Running And Cycling Singapore

ဤပွင့်လင်းမြင်သာမှုသည် စင်ကာပူလူမျိုးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးသော်လည်း ပြောင်းလဲသွားသော ပေါ်လစီများကြောင့် အခြားနိုင်ငံခြားသားများအား အချက်ပြ မမှားစေရန် သတိပြုရမည်။ PM Lee ၏ အမှာစကားများနှင့်ပတ်သက်၍ နှစ်ရက်ကြာမြင့်ပြီးနောက် လွှတ်တော်တွင် အခြားကိစ္စရပ်များ နှင့် စင်ကာပူရှိ နိုင်ငံခြားလုပ်သားအင်အားကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အမတ်များက စင်ကာပူနိုင်ငံသား လုပ်သားအင်အားကို ပိုမိုကာကွယ်ရန်တောင်းဆိုခဲ့သည်။

ဆွေးနွေးငြင်းခုံမှု၏ သုံးရက်မြောက်သောနေ့တွင် PM Lee က စင်ကာပူလူမျိုးများသည် မျှတမှုအပေါ်စိုးရိမ်ကြောင်းနှင့်အစိုးရအနေဖြင့် အလေးအနက်ထားကြောင်းပြောကြားခဲ့သည်။ သူက Covid-19 စဖြစ်ချိန်မှစ၍ Employment Pass နှင့် S Pass ကိုင်ဆောင်ထားသူအရေအတွက် ကျဆင်းသွားကြောင်းနှင့် အလုပ်လုပ်ခွင့်အစီအစဉ်များကိုလည်း ဆက်လက်ညှိနှိုင်းနေကြောင်းပြောကြားခဲ့သည်။ Pass ကိုင်ဆောင်သူအရေအတွက်ကျဆင်းသွားသော်လည်း အများအပြားကျဆင်းသွားခြင်းမဟုတ်ပဲ​ အလုပ်ခွင်မှာဆိုလျှင် စင်ကာပူနိုင်ငံသားတွေက အနားမှာ Pass ကိုင်ဆောင်သူတွေ အလုပ်လုပ်နေတယ်ဆိုတာကို ကျေနပ်နှစ်သိမ့်မှုမှရှိကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

Hire Foreigners Is To Create Jobs And Improve The Lives Of Singaporean (5)

အလုပ်ရှင်များက နိုင်ငံသားပညာရှင်များ၊ မန်နေဂျာများ၊ အင်ဂျင်နီယာများနှင့် နည်းပညာကျွမ်းကျင်သူများ (PMETs) ၏ ပံ့ပိုးမှုများကိုဆက်လက်ထားရှိခြင်း ရှိမရှိကို ပြန်လည်သုံးသပ်ပြီး Employment Pass နှင့် S Pass များ ထုတ်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်မည်ဖြစ်သည်။

ဥပမာအားဖြင့် အခြားသော sector တူသည့် ကုမ္ပဏီများနှင့် နှိုင်းယှဉ်လျှင် ကုမ္ပဏီတစ်ခုသည် နိုင်ငံခြားသားအလုပ်သမားတစ်မျိုးထဲကိုသာ ရာထူးများပေးအပ်ထားသည်များမှာ စင်ကာပူနိုင်ငံတွင် အမှန်တကယ်ရှိနေကြောင်း သူကဆက်ပြောသည်။ ဒီလိုမျိုး ကိစ္စရပ်များကို မထိန်းချုပ်နိုင်လျှင် လူမှုရေးမကျေနပ်မှုနှင့် လုပ်ငန်းခွင် ပြသနာဖြစ်ပေါ်လာနိုင်ပြီး ကုမ္ပဏီများအတွက် လူမျိုးပေါင်းစုံဖွဲ့စည်းမှုကို လက်ခံဖို့ ခက်ခဲနိုင်စေသည်။

Hire Foreigners Is To Create Jobs And Improve The Lives Of Singaporean (1)

စင်ကာပူ၏ နိုင်ငံခြားသားအလုပ်သမားမူဝါဒများမှ ရရှိသော စီးပွားရေးအကျိုးကျေးဇူးများသည် ရှင်းလင်းနေသော်လည်း နိုင်ငံခြားသားပညာရှင်များနှင့် နိုင်ငံသားလုပ်သားများနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများတွင် အဓိကအခြေခံမေးခွန်းတစ်ခုကတော့ “ဘယ်လူ့အဖွဲ့အစည်းမျိုးလဲ၊ ငါတို့ လိုချင်နေတာတွေက ဘယ်လိုလူမျိုးတွေလဲ”

သမိုင်းကြောင်းတစ်လျှောက်လုံး စင်ကာပူနိုင်ငံသည် ပွင့်လင်းမြင်သာပြီး ရွှေ့ပြောင်းနိုင်ငံသားများအတွက် အမြဲတမ်း တံခါးဖွင့်ပေးပြီး တန်ဖိုးရှိသောလူအဖွဲ့အစည်းအတွက် အခြား​သောနိုင်ငံသားများကို အမြဲကြိုဆိုနေခဲ့သည်။

“အခုကျွန်တော်တို့ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့နေရပြီး နောက်ပြန်လှည့်လို့လည်းမရတော့ပေ။ စင်ကာပူနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ကာကွယ်ရန် ကျွန်ုပ်တို့၏ မူဝါဒများကို ပြန်လည်ပြန်ဆင်ပြီး ကျွန်ုပ်တို့နိုင်ငံသားတွေကိုယ်တိုင် ပြုလုပ်နိုင်သည်ဟု ယုံကြည်ကြောင်း ကမ္ဘာကိုပြသစို့” ဟု PM Lee မှ ပြောကြားခဲ့သည်။
Source: TNP

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ