စင်ကာပူမှာ MRT/Bus ဘယ်လိုစီးမလဲ

Share ရန်


စင်ကာပူစစ ရောက်ပြီဆိုရင် စစီးရမှာက MRT or Bus ပါ။ MRTဆိုတာ ရထားကိုပြောပြီး MRT Station ဆိုတာ ရထားဘူတာရုံကို ပြောတာပါ။ MRT/Bus စီးဖို့ ကတ်လေး တစ်ကတ်ဝယ်ရပါတယ်။ အဲ့ကတ်လေးကို MRT Station တိုင်းရဲ့ Ticket Counter မှာ ဝယ်လို့ရပါတယ်။ ကတ်ထဲမှာ အနည်းဆုံး $10 ဖြည့်ပြီး စီးလို့ရပါတယ်။

စင်ကာပူ SBS Transit

Bus ကတော့ စီးရတာ ရှင်းပါတယ်။ ဘတ်စ်ကားမှတ်တိုင်တွေမှာ ကားနံပါတ်နဲ့တကွ ဘယ်ရောက်တယ်ဆိုတာ ရေးထားပါတယ်။ ရန်ကုန်မှာဆို YBS တွေလိုပါပဲ။ ကားပေါ်တတ်မယ်ဆိုရင် အရှေ့အပေါက်က တတ်ပြီး ဝယ်ထားတဲ့ MRT card လေးနဲ့ tap လုပ်ပြီး စီးပါ။ tap လုပ်တယ်ဆိုတာ ကားမောင်းတဲ့လူနားမှာ ထားထားတဲ့ စက်လေး ၂ခုရှိပါတယ်။ တစ်ခုကို MRT card ထိလိုက်ပြီး စီးရုံပါပဲ။ ဆင်းခါနီး မှတ်တိုင်ရောက်ရင်လည်း bell ကြိုနှိပ်ပြီး အနောက်ပေါက်ကနေ tap လုပ်ပြီး ဆင်းရုံပါပဲ။

စင်ကာပူမှာ ရထားလိုင်းတွေက အနီ၊ အစိမ်း၊ အပြာ၊ အဝါ၊ ခရမ်း နဲ့ မီးခိုး ဆိုပြီး ၅ မျိုးရှိပါတယ်။

LRT ကိုတော့ သိပ်မစီးကြပါဘူး။ ဘာလို့လဲဆိုရင် LRT က အစွန်အဖျားနေတာတွေသွားဖို့ စီစဉ်ပေးထားတာဖြစ်ပြီး အဲ့နားတစ်ဝိုက်တွေမှာ လူနေတာတွေ ရှားပါတယ်။ တကယ်လို့ ကိုယ်က အခုမှ စင်ကာပူလာမှာဆိုရင် မြေပုံထဲမှာ ကြည့်ပြီး အစွန်အဖျားမဟုတ်တဲ့နေရာတွေကို အိမ်ရှာငှားပါ။

MRT စီးတာကလည်း ဘတ်စ်ကားစီးသလိုပဲ tap လုပ်ပြီး စီးရတာပါပဲ။ MRT station ထဲဝင်ရင် တံခါး သေးသေးလေးတွေ ရှိပါတယ်။ အဲ့ဒါလေးတွေကို tap လုပ်ပြီး ဝင်ရုံပါပဲ။ ကိုယ်ဆင်းမယ့် မှတ်တိုင်ရောက်ရင်လည်း ခုနကအတိုင်း တံခါးသေးသေးလေးတွေကို tap လုပ်ပြီး ထွက်ရုံပါပဲ။

အားလုံးပဲ အဆင်ပြေကြပါစေ…


Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ

error: Alert: Content is protected !!