လက်ဘနွန်မြို့တော်မှာ ပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် လူအများအပြားသေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့

Share ရန်


လက်ဘနွန်မြို့တော်ဘေရွတ်တွင် ကြီးမားသော ပေါက်ကွဲမှုကြီးဖြစ်ပွားပြီး လူပေါင်း ၇၀ သေဆုံး၍ ၃၀၀၀ ကျော် ဒဏ်ရာရခဲ့သည်။ လက်ဘနွန်မြို့တော် ကြက်ခြေနီအဖွဲ့ခေါင်းဆောင်က လမ်းများအားလုံးပေါ်နှင့် မနီးမဝေးနေရာအနှံ့အပြားတွင် ဒဏ်ရာရရှိသူများ အများအပြားရှိနေကြောင်း ပြောပြခဲ့သည်။

၀ န်ကြီးချုပ် Hassan Diab က အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ပေါက်ကွဲမှုကို ကြီးမားသော ကပ်ဘေးကြီးတစ်ခု ဟုပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကိုလဲ လိုအပ်သည့် ထောက်ပံ့ငွေများ ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပေါက်ကွဲမှုသည် အလူမီနီယံ နိုက်ထရိတ် တန်ချိန် ၂၇၀၀ ကျော်ရှိပြီး မြို့တော်၏ ဆိပ်ကမ်းတစ်ခုအနီးရှိ ဂိုထောင်တစ်ခုကို ခြောက်နှစ်ကြာ လုံခြုံမှုမရှိဘဲ ပျက်စီးစေခဲ့သည်ဟု ပြောကြားခဲ့သည်။

အဆောက်အအုံတော်တော်များများကို မြင့်မားစွာ ပေါက်ကွဲသွားကြောင်း ဗီဒီယိုတစ်ခုတွင် ပြသခဲ့သည်။ ပေါက်ကွဲမှုသည် မြို့တော်တော်များများကို ဖြတ်၍ တုန်ခါသွားစေသည့် အပြင် ကျယ်လောင်သော အသံနှင့်အတူ မိုင် ၁၂၅ မိုင်အကွာအဝေးထိ မြင့်တက်သွားသည်။

လက်ဘနွန်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအကြီးအကဲ Abbas Ibrahim က ပေါက်ကွဲမှုသည် သင်္ဘောတစ်စင်းမှသိမ်းဆည်းခံထားရသော ဆိပ်ကမ်းတွင် သိုလှောင်ထားသည့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများကြောင့် ဖြစ်ရခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ ဒေသခံ မီဒီယာများက ၎င်းပစ္စည်းများကို အလူမီနီယံနိုက်ထရိတ်ဟု အမည်တပ်ခဲ့ကြသည်။

ဒေသခံများက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော မျက်နှာကျက်ပြိုကျမှုများနှင့် ကျိုးပဲ့ပျက်စီးသွားသော ပြတင်းပေါက်များကို တင်ပြခဲ့ကြသည်။ ဒဏ်ရာရသူများကို ဆိပ်ကမ်းအနီးရှိ မြေပြင်ပေါ်တွင် တွေ့ရကြောင်း ဓာတ်ပုံဆရာ တစ်ဦးက ပြောကြားခဲ့သည်။

ဆေးရုံတစ်ခုက လူနာများကို နောက်ထပ်ကုသမပေးနိုင်ကြောင်းနှင့် သွေးလှူဒါန်းမှုအတွက် အသနားခံကြောင်း ဒေသခံမီဒီယာများကပြောကြားခဲ့သည်။ ထို့ပြင် အချိန်ပြည့် မီးလင်းနေရန်အတွက် မီးစက်များကို အဆင်သင့် ထားရှိရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထိခိုက်ပျက်စီးမှုများသည် မြို့တစ်ဝှမ်းလုံးတွင် ကျယ်ပြန့်စွာ ဖြစ်ပျက်နေသည်ဟု ဘေရွတ်နေထိုင်သူက ပြောကြားသည်။ ပေါက်ကွဲမှုနှင့် ၂ ကီလိုမီတာအကွာတွင် ရှိသော အဆောက်အအုံတစ်ချို့ ပြိုကျသွားသည်။ ၎င်းသည် စစ်ဇုန်တစ်ခုကဲ့သို့ ပြင်းထန်နေပြီး ရစရာမရှိလောက်အောင် ပျက်စီးဆုံးရှုံးနေသည်။

ဘေရွန်ရှိ နိုင်ငံသံရုံးတွင် ဝန်ထမ်းအနည်းငယ် အသက်ဘေးမှ လွတ်မြောက်လာပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရှိသောကြောင့် ဆေးကုသမှု ခံယူနေသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အစ္စရေးက ဤအဖြစ်အပျက်သည် သူနှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုနှင့်ဆေးဘက်ဆိုင်ရာအကူအညီများကို တောင်းခံထားသည်။

လက်ဘရွန်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းနှင့်ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရပြီး လက်ဘနွန်တောင်ပိုင်း နယ်စပ်တလျှောက် အစ္စရေးနှင့် စစ်သွေးကြွဟစ်ဇ်ဘိုလာအဖွဲ့များအကြား တင်းမာမှုများ မြင့်တက်နေစဉ်အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
Credit: Sky News

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!