အင်ဒိုနီးရှားနိုင်ငံရဲ့ ငါးလုပ်ငန်းဝန်ကြီးအားအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့မှဖမ်းဆီး

Share ရန်


အဂတိလိုက်စားမှု တိုက်ဖျက်ရေးအရာရှိများသည် အင်ဒိုနီးရှားနိုင်ငံရှိ ရေကြောင်းနှင့်ငါးလုပ်ငန်းဝန်ကြီး Edhy Prabowo အား ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၅) တွင် ဖမ်းဆီးခဲ့သည်ဟု အေဂျင်စီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Fish3

အဂတိလိုက်စားမှု တားဆီးနှိမ်နှင်းရေး ကော်မရှင်မှ Ali Fikri သည် ၀န်ကြီးအား ၂၄ နာရီအထိ ထိန်းသိမ်းထားနိုင်သူများအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသို့သွားသည့် ခရီးစဉ်အပြီးတွင် ၀န်ကြီးကို ဇနီးဖြစ်သူနှင့်လက်ထောက်နှင့်အတူ မြို့တော် Soekarno-Hatta လေဆိပ်သို့ ရောက်ရှိလာချိန်၌ ဖမ်းဆီးခံခဲ့ရသည်။

Fish4

မှတ်ချက်ပေးရန် ၀န်ကြီးအား ချက်ချင်းဆက်သွယ်နိုင်ခြင်းမရှိသေးသည့်အပြင် ၀န်ကြီးဌာနမှတာ၀န်ရှိသူများမှလည်း ချက်ချင်းမှတ်ချက်မပေးနိုင်သေးပေ။ တရားဝင်ထုတ်ပြန်ကြေငြာချက် မထုတ်ပြန်မှီအထိ ဖော်ထုတ်ရန်ငြင်းဆန်ခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီမှ အရင်းအမြစ်တစ်ခုက ဖမ်းဆီးခြင်းသည်baby lobsters တင်ပို့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုနှင့်ဆက်စပ်နေသည်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Fish2

ယခုနှစ်တွင် ၀န်ကြီးသည် ယခင်ကချမှတ်ခဲ့သော ကျောက်ပုစွန်များတင်ပို့မှုကို တားမြစ်ခဲ့သည်။ ပိတ်ပင်မှုကိုဖျက်သိမ်းလိုက်ခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုးရိမ်မှုများအပေါ် ဝေဖန်မှုများထွက်ပေါ်လာသည်။ ကျောက်ပုစွန်များ တင်ပို့ခွင့်လိုင်စင်ချထားပေးခြင်းနှင့် ပတ်သက်၍ မသမာမှုများအပေါ် ဇူလိုင်လက စုံစမ်းစစ်ဆေးရေးမဂ္ဂဇင်းတစ်စောင်တွင် စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

Fish1

Edhy Prabowo က ဇူလိုင်လတွင် မီဒီယာများသို့ မှတ်ချက်ပေးရာတွင် အမှားပြုခြင်းကို ငြင်းဆိုခဲ့သည်။ အရှေ့တောင်အာရှ၏ အကြီးမားဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း Transparency International ၏ အကျင့်ပျက်ခြစားမှုအညွှန်းကိန်း၏ ၁၉၈ နေရာမှ ၈၅ နေရာတွင် ရပ်တည်နေသည်။
Source: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ