ကလေးအဆိုပြိုင်ပွဲတွေ ကတည်းက ထူးချွန်ခဲ့တဲ့ ပြုံးထက်သာနဲ့ ခဏတာ

Share ရန်


အနုပညာလောကမှာ အဆိုတော်တစ်ယောက်အနေနဲ့ ဆက်လက်လျှောက်လှမ်းနေတဲ့ အဆိုတော်ပြုံးထက်သာကတော့ ကလေးအဆိုပြိုင်ပွဲတွေကတည်းက ထူးချွန်ခဲ့လို့ အခုလည်း နာမည်ကြီးလူကြိုက်များနေတဲ့အပေါ် အင်တာဗျူးခဏတာ…

Pyone2

အားလုံးပဲ အရင်တုန်းကတော့ ကလေးအဆိုတော်ဆိုပြီး လူသိများလာတာပါ။ စစ်သားချစ်သူဆိုတဲ့ သီချင်းလေးနဲ့ လူသိများလာတာပါ။ အဘိုးကအနုပညာ ဝါသနာပါတာတော့ရှိပါတယ်။ အစကတော့ ကလေးအဆိုပြိုင်ပွဲမှာဝင်ပြိုင်ဖြစ်တာက အဘိုးကိုကြည့်စေချင်လို့ ဝင်ပြိုင်ဖြစ်တာပါ။ အစကတော့ level 1 လောက်ထိပါရင် ရပြီဆိုပြီး ပြိုင်ဖြစ်ခဲ့တာ။ အဲကနေပြီး final ထိရောက်ရင်း လမ်းကြောင်းပေါ်ရောက်သွားတာပါ။

Pyae2

အနုပညာပိုးဆိုတာကတော့ စစချင်းကျောင်းမှာသူငယ်ချင်းတွေနဲ့ ပုံပြောပြိုင်ပွဲဆိုတာရှိတယ်။ အဲကနေ စတယ်လို့ထင်တာပဲ။ မြန်မာ့အသံမှာသွားပြိုင်တယ်။ ပထမဆုရခဲ့တယ်။ အုပ်စုလိုက် အဆိုပြိုင်ပွဲမှာလည်း သွားပြိုင်ဖြစ်တယ်။ ဆိုကြမယ်၊ ပျော်ကြမယ် မှာလည်းဆုရခဲ့ပါတယ်။ အခုကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့ရပြီးပါပြီ။ fresh graduate လို့ပြောရမှာပေါ့။ ဆယ်တန်းမှာက ဂုဏ်ထူး ငါးဘာသာပါတယ်။ ငယ်ငယ်တုန်းက အိမ်ကပညာရေးပိုင်းကို ပိုအလေးထားစေချင်တယ်။

Pyone1

ဆယ်တန်းပြီးမှ ဆက်လုပ်ဆိုတော့ တက္ကသိုလ်ရောက်တော့လည်း ကျောင်းပျက်လို့မရတော့ ဟိုလိုလို ဒီလိုလိုနဲ့မလုပ်ဖြစ်ဘဲ ပညာရေးဘက်ပဲ အဓိကထားသွားဖြစ်နေတယ်။ ကိုဗစ်ကာလမှာ တစ်ခုခုပညာရတာတွေ လုပ်ဖြစ်နေပါတယ်။ လူငယ်တွေပဲ စာအုပ်ဖတ်တာတို့ ဂီတာတီးသင်တာတို့ လုပ်ဖြစ်ပါတယ်။ ညီမကိုယ်ညီမပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ထင်တာပဲ။

Pyae1

ကျောင်းတက်ရင်းနဲ့ ပြိုင်ပွဲဝင်ဖို့က နဲနဲခက်ခဲတယ်။ စဉ်းစားထားတာတော့ ရှိပါတယ်။ ကိုအောင်ထက် အားပေးတယ်။ ငယ်ငယ်က ပြိုင်ပွဲဝင်သူငယ်ချင်းတွေကိုလည်း အားပေးနေပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ပရိသတ်အသစ်တွေကိုရော ငယ်ငယ်တုန်းကတည်းက အားပေးတဲ့ ပရိသတ်ကြီးကို ဆက်အားပေးပါအုံးလို့ ပြောသွားပါတယ်။
Source: Sunday Journal

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ