မန္တလေးလူငယ်သင်တန်းကျောင်းမှ ဒုတိယမြောက်သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏ နာရေးပြုလုပ်

Share ရန်


မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးခဲ့သော လူငယ်များထဲမှ ၁ ဦး အပါအဝင်ဖြစ်ပြီး သြဂုတ် ၅ ရက်နေ့က သေဆုံးခဲ့သူ မောင်ခိုင်ဇော်ထွန်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ သယ်ဆောင်ကာ အေးရိပ်ငြိမ်သုဿန်သို့ ယနေ့ ပို့ဆောင် သဂြိုလ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်အတွင်းက မုံရွာမြို့တွင် လုယက်မှုဖြင့် ဖမ်းဆီးခံရသော လူငယ် ၇ ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ အသက်မပြည့်သေးသည့်အတွက် ယခုနှစ် ဇူလိုင်လတွင် ၂၆ ရက်နေ့တွင် မန္တလေးမြို့လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။

၎င်းတို့ ၇ ဦး အနက် ၅ ဦးမှာ ရောက်ရှိပြီး ၅ ရက်အကြာ ဇူလိုင် ၃၁ တွင် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာမှ ဒဏ်ရာများရရှိခဲ့ကာ မောင်ပြည့်ဖြိုးမောင် အမည်ရှိ လူငယ် ၁ ဦး သေဆုံးခဲ့ပြီး သြဂုတ် ၅ရက်နေ့တွင် မောင်ခိုင်ဇော်ထွန်း ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထွက်ပြေးရာတွင် ပါဝင်သည့် ကလေး ၂ ဦးမှာလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ကျန်ကလေးများ၏ အခြေအနေကို မသိရသေးဘဲ မိသားစုဝင်များနှင့်လည်း မတွေ့ရသေးကြောင်း ကာယကံရှင်များက ပြောကြသည်။
Credit: The Irrawaddy

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!