ရုပ်ရှင်ကားကြီးမှာ ဒီထက်ကြမ်းတဲ့ကာရိုက်တာမျိုးလာငှားခဲ့ရင်တော့ လက်ခံဖြစ်မှာပါဆိုတဲ့ မင်းဟိဏ်း

Share ရန်


အနုပညာလောကမှာ အဖက်ဖက်ပြည့်စုံစွာ သရုပ်ဆောင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး မင်းဟိဏ်းကတော့ အဆိုတော်ရှူမငြီးရဲ့ သီချင်းဗီဒီယိုကနေ ပြန်လည်နာမည်ကြီးလာပြီး ပရိတ်သတ်အာရုံစိုက်မှုကို ရရှိနေတဲ့အပေါ်မှာ သူ့အနေနဲ့ရော ဘာတွေဆက်လုပ်ဖို့ရှိလဲဆိုတာ……

အခုရှူမငြီးနဲ့ သီချင်းရိုက်နေတာပါ။ သူကလည်း ရိုက်ပေးပါလို့ တောင်းဆိုတဲ့အတွက် ရိုက်ဖြစ်သွားတာပါ။ ရှေ့တပုဒ်မှာ ပရိတ်သတ်အနေနဲ့ ဖောင်းသွားတဲ့အရာတွေရှိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။ ရှူမငြီးအနေနဲ့ ဒီကာရိုက်တာနဲ့ သရုပ်ဆောင်ပေးပါ။ သူကလည်း အကို့ကို အားနာနေတာ။

Min2 1

သူနဲ့ကိုယ်ကြားမှာ ဘာအခက်ခဲမှမရှိတဲ့အတွက် အဆင်ပြေပါတယ်။ အကိုတို့ကျတော့ အသက်ရွယ်ရလာတာနဲ့အမျှ ကိုယ်ရိုက်မဲ့ဟာတွေကို အိမ်ကိုတော့ ပြောပြပါတယ်။ နောက်ကျရင် မဖြစ်အောင်ဆိုပြီး ကိုယ့်ကြောင့်ဖြစ်သွားတဲ့အရာတွေဆို‌ တောင်းပန်တယ်။ သူများကြောင့် ကိုယ်ဖြစ်သွားရင်လည်း လာတောင်းပန်မှ ကြိုက်တယ်။ ကိုယ့်ကို ရုပ်ရှင်ကားတစ်ခုအနေနဲ့ ဒီထက်ကြမ်းတဲ့ ကာရိုက်တာအနေနဲ့ လာငှားရင် ကိုယ့်အလုပ်ဖြစ်တဲ့အတွက် လုပ်ကွက်လည်းရှိမယ်ဆိုရင် လုပ်ရမှာပဲလေ။

Min 1

တကယ့်ကောင်းတဲ့ ကာရိုက်တာမျိုးဆို ဒီထက်ကြိုးစားချင်ပါသေးတယ်။ အခုရက်ပိုင်း အသစ်ရိုက်ဖို့တော့ မရှိသေးပါဘူး။ အဟောင်းတွေ အပြီးသတ်ဖို့ ရှိပါသေးတယ်။ အကိုအရွယ်နဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝမှာ ရိုက်ချင်တာက ကြည့်လိုက်တာနဲ့ အားရှိမယ့် သရုပ်ဆောင်မျိုး လုပ်ချင်ပါတယ်။

Min3 1

ရှေ့မှာရိုက်ရတဲ့ ကာရိုက်တာနဲ့ အသက်ရွယ်က နဲနဲလေး ကွာဟတာတော့ ရှိပါတယ်။ စစ်ကားဆိုလဲ ကြမ်းတဲ့ကာရိုက်တာမျိုး ရိုက်ချင်တယ်။ အိုက်တင်ပိုင်းတော့ ရတယ်။ အက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အကိုအနေနဲ့ တော်တော်လေးတော့ လျော့သွားတယ်။

Min4 1

လေ့ကျင့်မှုကတော့ ဒီကာလမှာ အားကစားတော့ လုပ်ဖြစ်ပါတယ်။ ကျန်းမာရေးအရလည်း ကောင်းတာတွေလုပ်ဖြစ်ပါတယ်။ ကျွန်တော့်ကိုအားပေးတဲ့ ပရိတ်သတ်တွေအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေ။ နှစ်သစ်မှာ ရောဂါကင်းစင်ပြီး စီးပွားရေးတွေလည်း ပြန်လည်လုပ်နိုင်ကြပါစေလို့ မင်းဟိဏ်းက ဆုတောင်းပေးသွားပါတယ်။
Source: Sunday Journal

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ