FILE PHOTO: A man gets an influenza vaccine at a hospital in Seoul, South Korea, October 21, 2020. REUTERS/Kim Hong-Ji/File Photo

စင်္ကာပူနိုင်ငံတွင် MOH က တုပ်ကွေးကာကွယ်ဆေး ၂ ခုကို အသုံးပြုခြင်းမှ ခေတ္တရပ်နားရန် အကြံပေး

Share ရန်


ကျန်းမာရေး၀န်ကြီးဌာန (MOH) က စင်ကာပူနိုင်ငံတွင် တုပ်ကွေးကာကွယ်ဆေးနှစ်မျိုး အသုံးပြုခြင်းကိုကာကွယ်ဆေးထိုးပြီးနောက် သေဆုံးခြင်းသတင်းများအရ တောင်ကိုရီးယားနိုင်ငံတွင် သေဆုံးမှုသတင်းများအပြီးတွင် ယာယီရပ်ဆိုင်းလိုက်ရန် အကြံပေးခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက သေဆုံးမှုများသည် တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် တိုက်ရိုက်ဆက်နွယ်မှု မရှိကြောင်းပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၌ တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် သေဆုံးမှုသတင်းများအရ ၎င်းသည် ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်သည်ဟု တနင်္ဂနွေနေ့ကအောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Flu3 1

ယနေ့အချိန်ထိ စင်္ကာပူနိုင်ငံတွင် တုတ်ကွေးကာကွယ်ဆေးနှင့် ဆက်စပ်သည့်သေဆုံးမှုမျိုး မတွေ့ရသေးပေ။ တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံပိုင်ကာကွယ်ဆေးထိုး အစီစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလအတွင်း တုတ်ကွေးကာကွယ်ဆေးထိုးပြီးနောက် သေဆုံးမှုများ ဒါဇင်နှင့်ချီ၍ ရှိလာခဲ့သည်။

Flu

တနင်္ဂနွေနေ့တွင် ဝန်ကြီးဌာနနှင့်ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) သည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါသည်ဟု MOH ကပြောကြားခဲ့သည်။ HSA အဖွဲ့သည် သေဆုံးမှုများက တုတ်ကွေးကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိ၊ မရှိ သေချာစုံစမ်းစစ်ဆေးလိုသောကြောင့် နောက်ထပ်အခြေနေများအတွက် တောင်ကိုရီးယားအာဏာပိုင်များနှင့် အဆက်သွယ်ရှိသည်။

Flu2

တောင်ကိုရီးယားနိုင်ငံအာဏာပိုင်များမှ ထုတ်လွှင့်လိုက်သော သတင်းအချက်အလက်များအရ သေဆုံးသူများထံမှ ကာကွယ်ဆေးအမှတ်တဆိပ် ၇မျိုးကို ခွဲစိပ်စစ်ဆေးနေသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။ ကာကွယ်ဆေး ၇မျိုးမှ နှစ်မျိုးကို စင်္ကာပူနိုင်ငံတွင် ရနိုင်သည်ဟု ထပ်မံပြောကြားခဲ့သည်။ ၎င်းနှစ်မျိုးမှာ SK Bioscienceက ထုတ်လုပ်ပြီး AJ Biologicsမှ ဖြန့်ချီသော SKYCellflu Quadrivalent နှင့် Sanofi Pasteur ကထုတ်လုပ်ပြီး Sanofi Aventisမှ ဖြန့်ချီသော VaxigripTetra တို့ဖြစ်သည်။

Flu1

တောင်ကိုရီးယားနိုင်ငံတွင် သေဆုံးမှုများကို အစီရင်ခံမှုများအား HSA ကအကဲဖြတ်စိစစ်နေစဉ် ကြိုတင်ကာကွယ်မှုများအနေဖြင့် MOH က ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ဆရာဝန်များအား ၎င်းကာကွယ်ဆေးနှစ်မျိုး အသုံးပြုခြင်းကို ခေတ္တရပ်ဆိုင်းပေးရန် သတင်းပေးခဲ့သည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသည်  Northern Hemisphere 2020/21 တုတ်ကွေးရာသီအတွက် စင်္ကာပူနိုင်ငံတွင် ဝယ်ယူရရှိနိုင်သော တခြားကာကွယ်ဆေးနှစ်မျိုးအား ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။
Source: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ