လစာမဲ့ခွင့်ယူခိုင်းသော အလုပ်ရှင်များအား MOM မှ အရေးယူမည်
- စင်ကာပူသတင်း အလုပ်အကိုင်
Myint Mo
- February 22, 2020
- 370
COVID-19 ကို အကြောင်းပြု၍ ဝန်ထမ်းများကို လစာမဲ့ခွင့် ယူခိုင်းသော စင်ကာပူရှိ ရိုက်စားအလုပ်ရှင်များအား စင်ကာပူအလုပ်သမားဝန်ကြီးဌာန MOM မှ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်မျိုးရှိပါက အလုပ်သမားများအနေဖြင့် MOM သို့ အသိပေးတိုင်ကြားနိုင်ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က MOM မှ Stay-home notice သတိပေး နှိုးဆော်ချက်စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး Stay-home notice သည် လွန်ခဲ့သော ၁၄ ရက်အတွင်း တရုတ်နိုင်ငံသို့သွားရောက်ခဲ့သူ (စင်ကာပူနိုင်ငံတွင် နေထိုင်သူများအားလုံးနှင့် long term pass ကိုင်ဆောင်ထားသူ) များအားလုံး လိုက်နာရန် အကျုံးဝင်သည်။ Stay-home notice သည် ယခင်က ထုတ်ပြန်ခဲ့သော Leave of Absence (LOA) ထက် တင်းကြပ်ပြီး မိမိနေအိမ်မှ ခြေတစ်ဖဝါးမျှခွာ၍ မရကြောင်းသိရသည်။
လွန်ခဲ့သော ၁၄ ရက်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ထားခြင်းမရှိသော၊ Stay-home notice (သို့) LOA သတိပေးစာ ရရှိထားသူ မဟုတ်သည့် ဝန်ထမ်းများကို လစာမဲ့ခွင့် ယူခိုင်းလျှင် ယူခိုင်းသော အလုပ်ရှင်ကို အရေးယူမည်ဖြစ်ပြီး ဝန်ထမ်းသစ်ခန့်အပ်ခြင်း၊ Work Pass လျှောက်ထားခြင်း စသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရသည်။