COVID-19 ကာလအတွင်း စင်ကာပူတွင် စျေးဝယ်ထွက်မည်ဆိုလျှင် NRIC / FIN card မဖြစ်မနေ ယူဆောင်သွားရန် လိုအပ်

Share ရန်


စင်ကာပူနိုင်ငံတွင် Circuit Breaker ကာလအတွင်း မလိုအပ်လျှင်အပြင်မထွက်ရန် အစိုးရမှာ ပြောကြားထားပြီး မရှိမဖြစ်လိုအပ်သော ဆိုင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု စင်တာများသာ ဖွင့်လှစ်ထားရန် ကြေငြာခဲ့သည်။ အဆိုပါကာလအတွင်း လူအများလာရောက်သော ရပ်ကွက်စျေးများသို့ သွားရောက်ဝယ်ယူလျှင် မှတ်ပုံတင်ကတ် ယူဆောင်သွားရန်ပြောကြားခဲ့ပြီး ယခုအချိန်တွင် မည်သည့် စျေး (သို့) supermarket (သို့) Mall များကိုသွားလျှင် မှတ်ပုံတင်ကတ်ကို မဖြစ်မနေ ယူဆောင်သွားရန် လိုအပ်ကြောင်း ကြေငြာခဲ့သည်။

Supermarket ထဲသို့မဝင်မီ အပူချိန်တိုင်းခြင်း

ကုန်တိုက်ကြီးများနှင့် စူပါမားကတ်များတွင် အပူချိန်တိုင်းခြင်းနှင့် အဆက်အသွယ်ရှာဖွေမှုများ (contact tracing) များကို ပြုလုပ်နေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် တခြားနေရာများတွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အေဂျင်စီတစ်ခုမှ ပြောကြားခဲ့သည်။

စင်ကာပူ၏ အကြီးမားဆုံး စူပါမားကတ်ဖြစ်သည့် NTUC FairPrcie တွင် တနင်္လာနေ့မှစတင်ပြီး အဆက်အသွယ်ရှာဖွေမှုများ (contact tracing) များ ပြုလုပ်နေပြီ ဖြစ်သည်။ Sheng Siong စူပါမားကတ် အခု ၅၀ ကျော်တွင် မှတ်ပုံတင်ကပ်ပြားများကိုအသုံးပြီး ဆိုင်ထဲသို့ ဝင်ရောက်ခြင်းကို စတင်နေပြီဖြစ်သည်။

FairPrice တွင် Social Distancing အရ တစ်မီတာအကွာ တန်းစီနေပုံ

Great World shopping mall ရှိ Cold Storage တွင် အလွယ်တကူ scan ဖတ်ကာ နာမည် နှင့် ဖုန်းနံပါတ်တို့ကို လွယ်ကူစွာ ဖြည့်သွင်းနိုင်ရန် QR code ဆိုင်းဘုတ်ထားရှိထားကြောင်း သတင်းရရှိပါသည်။

Credit – CNA

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ