မိုးတွင်းမှာ “အလွမ်းရာသီ” သီချင်းသစ် ထွက်မယ့် နန်းဆုရတီစိုး

Share ရန်


ပရိသတ်တွေက လွမ်းလို့ ဆွေးလို့ကောင်းမယ့် သီချင်းလေးထွက်ဖို့ ပြောတာကြောင့် မိုးရာသီနဲ့ လိုက်ဖက်မယ့် သီချင်းတပုဒ် ထွက်ဖြစ်မယ့်အကြောင်း နန်းဆုရတီစိုးက အခုလိုပဲ ပြောပါတယ်။

“သီချင်းနာမည်က အလွမ်းရာသီပါ။ အလွမ်းအဆွေး သီချင်းလေးပေါ့။ ဒီသီချင်းကို ကိုညီမင်းခိုင် ရေးပေးထားတာ ၂ နှစ်ကျော်လောက်ရှိပြီ။ ဒီသီချင်းက မိုးရာသီနဲ့လည်း လိုက်ဖက်တယ်။ မိုးတွင်းမှာ ဒီသီချင်းလေး ထွက်ရင် လိုက်ဖက်မယ် ထင်တယ်။ နောက် ပရိသတ်တွေကလည်း သီချင်းထွက်ပေးဖို့ပြောတာကြောင့် မိုးရာသီမှာ လွမ်းလို့ ဆွေးလို့ ကောင်းမယ့် ဒီသီချင်းလေးကို ထွက်ဖြစ်တာပါ” လို့ နန်းဆုရတီစိုးက ပြောပါတယ်။

ဆက်လက်ပြီး နန်းဆုရတီစိုးက ဒီသီချင်းနဲ့ ပတ်သက်ပြီး ခံစားချက် အပိုင်းနဲ့ ရိုက်ကူးရေး အခက်အခဲတွေ အကြောင်းလည်း အခုလို ဆိုပါတယ်။

“သီချင်းနဲ့ ပတ်သက်ပြီး ခံစားချက်က အလွမ်းအဆွေးသီချင်း ဖြစ်တာကြောင့် လွမ်းအောင်ဆွေးအောင် ဆိုရတာပေါ့။ မုဒ်ထည့်ပြီး သေချာ ခံစားပြီး သီဆိုထားပါတယ်။ သီချင်းကတော့ တီးတာရော၊ ဆိုတာရော ပြီးသွားပြီ။ ဒါပေမယ့် ရိုက်ကူးရေးက အခက်အခဲ ဖြစ်နေတာပေါ့”။

“ကလောမှာ အရင် သွားရိုက်လိုက်တယ်။ အခု ရန်ကုန်မှာ ပြန်ရိုက်တယ်။ ကိုဗစ်ကာလကြောင့် အချိန်တော်တော်လေး စောင့်လိုက်ရတဲ့ သီချင်းပေါ့။ ရိုက်သမျှ သီချင်းထဲမှာ အရှည်ဆုံး အကြာဆုံး ရိုက်ရတာပေါ့” လို့ နန်းဆုရတီစိုးက ပြောပါတယ်။ကိုဗစ်ကာလမှာ အလုပ်လုပ်ချိန် ပိုရတာကြောင့် သီချင်းတွေ တပုဒ်ပြီးတပုဒ် ထွက်နိုင်အောင်ကြိုးစားနေတယ်လို့ နန်းဆုရတီစိုးက ဆိုပါတယ်။

မိုးတွင်း မကုန်ခင်မှာ ထွက်ချင်တာဖြစ်တဲ့အတွက် ဒီလမကုန်ခင် ဒါမှမဟုတ် နောက်လဆန်းလောက်ပေါ့။ ပထမပတ်ကိုတော့ Target ထားပြီး ပြင်ဆင်ထားတယ်။ ကိုဗစ်ကာလ ဖြစ်သွားတဲ့အခါကျတော့ အလုပ်လုပ်ချိန် ပိုရတယ်။ တပုဒ်ပြီးတပုဒ် ထွက်နိုင်အောင် ကြိုးစားထားပါတယ်။

“ဒီသီချင်းပြီးရင်လည်း နောက်ထပ် သီချင်းထွက်နိုင်အောင် ကြိုးစား ပြင်ဆင်ထားပါတယ်။ နောက်မှာ တန်းစီထားတာ နှစ်ပုဒ်၊ သုံးပုဒ် ရှိတယ်။ အချစ်သီချင်းလည်း ပါတယ်။ အလွမ်းသီချင်းလည်း ပါတယ်။ ဒါပေမယ့် ဘယ်သီချင်း အရင်ထွက်မလဲ မသိသေးဘူး” လို့ နန်းဆုရတီစိုးက ပြောပါတယ်။

နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး သရုပ်ဆောင် အလုပ်အပြင် သီချင်းတွေလည်း ထွက်ရှိထားပါတယ်။ နန်းဆုရတီစိုးရဲ့ “ရူးအောင်ချစ်ရသူ” သီချင်းကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ Credit: The Irrawaddy

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!