“ဆိုးပေ”ဇာတ်လမ်းမှာ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်အောင်လို့ ဆံပင်ပုံစံပြောင်းထားတဲ့ ပိုင်ဖြိုးသု

Share ရန်


“ဆိုးပေ” ဇာတ်လမ်းတွဲ၌ ဆံတောက်ပုံစံဖြင့် သရုပ်ဆောင်ရမည်ဖြစ်၍ ဆံပင်ပုံစံပြောင်းထား ခြင်းဖြစ်ကြောင်း ပိုင်ဖြိုးသုက ပြောသည်။ “ဒီကားမှာ သုသုက ဆံ တောက်လေး လုပ်ရမှာဆိုတော့ ဆံတောက်လုပ်လို့ အဆင်ပြေ မယ့် ဆံပင်ညှပ်လိုက်ရတာ” ဟု ၎င်းက ပြောသည်။

“ဆိုးပေ” ဇာတ်လမ်းတွဲ၌ ဆိုးပေ၏ အစ်မနေရာမှ သရုပ် ဆောင်ရမည်ဖြစ်ပြီး ကလေး သရုပ်ဆောင်များနှင့် ရိုက်ကူးရ  သည်မှာ ပျော်ဖို့ကောင်းမည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။

“ကလေးသရုပ်ဆောင်တွေ အများကြီးနဲ့ တစ်ခါမှ မရိုက်ဖူးဘူး။ သုသုကိုယ်တိုင် ကလေး သရုပ် ဆောင်ဘဝကပဲ ရိုက်ဖူးတာ။ ပျော်စရာကောင်းမယ်ထင် တယ်၊ ကလေးတွေကလည်း တစ်ယောက်တစ်မျိုးစီ ချစ်စရာ  ကောင်းတဲ့ ကလေးတွေဆိုတော့” ဟု ပိုင်ဖြိုးသုက ပြောသည်။

စာရေးဆရာ ဇဝန၏ “ဆိုးပေ” ဝတ္ထုကို ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)က ဇာတ်လမ်းတွဲအနေ ဖြင့် ရိုက်ကူးမည်ဖြစ်ပြီး မင်းရွှေရောင်တင်က ဆိုးပေအဖြစ် ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

ဆက်စပ်သတင်း
“ဆိုးပေ” ဇာတ်လမ်းတွဲမှာပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်

ယင်းဇာတ်လမ်းတွဲကို ရိုက်ကူးခွင့်တင်ထားပြီး ရိုက်ကူးခွင့်ပြုသည့်အချိန်၌ မန္တလေးတိုင်းဒေသ ကြီး မတ္တရာမြို့နယ်အတွင်းရှိ ရွာများတွင် သွားရောက်ရိုက်ကူး မည်ဖြစ်သည်။

“ကလေးသရုပ်ဆောင်တွေ ကလည်း Talent ဖြစ်တယ်၊ ကလေးကားတွေလည်း မကြည့်ရတာကြာပြီဆိုတော့ ပရိသတ်တွေ  နှစ်ခြိုက်မယ်လို့ မျှော်လင့်ပါ တယ်” ဟု ပိုင်ဖြိုးသုက ပြော သည်။
Credit: 7 Day News

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!