ရပ်ဆိုင်းလိုက်ရတဲ့ သာကေတမြို့နယ်ရှိ ၁၇ ဧကကျော် အမှိုက်ပုံပေါ်တွင် တည်ဆောက်မည့် လူနာ ၆၀၀ ကျော်ဆန့် ဆေးရုံစီမံကိန်း

Share ရန်


သာကေတမြို့နယ်ရှိ ၁၇ ဧကကျော် အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆန့်ဆေးရုံ တည်ဆောက်မည့် စီမံကိန်း ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစန်းကြူက ပြောကြားသည်။

Hospital

အောက်တိုဘာ ၁၂ ရက်တွင် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဆေးရုံဆောက်လုပ်ရန် မသင့်ကြောင်း အကြံပြုခဲ့သဖြင့် စီမံကိန်းရပ်နားခဲ့ခြင်းဖြစ်ပြီး သင့်တော်သည့် မြေနေရာရရှိရန် ထပ်မံရှာဖွေနေကြောင်း ဦးစန်းကြူက ပြောကြားသည်။

Hospital3

“သာကေတ plan ဖျက်လိုက်ပြီ။ ခြံကတော့ ခတ်လိုက်ရမှာပေါ့။ လောလောဆယ်တော့ ပညာရှင်တွေအားလုံးက ဝိုင်းဝန်းဆွေးနွေးတယ်။ ဒါက ဆေးရုံအနေနဲ့ဆို ဘယ်လိုမှ မသင့်တော်ဘူး။ အများကြီး အချိန်ယူပြီးတော့ သေချာစီမံဆောင်ရွက်မှ လုပ်သင့်တယ်။ အရေးပေါ် အနေအထားမှာတော့ ဘယ်လိုမှ မသင့်ဘူးလို့ ပြောကြတယ်။ ဒါကို ဝန်ကြီးချုပ်ကလည်း သဘောတူတယ်။ အခုတော့ တခြားနေရာမှာ ဆောက်ဖို့ သူကိုယ်တိုင် ဦးစီးပြီး နေရာရှာနေတယ်” ဟု ဦးစန်းကြူက ပြောကြားသည်။

Hospital2

 အမှိုက်ပုံနေရာတွင် ဆေးရုံတည်ဆောက်မည့် အစီအစဉ်အား သဘာဝပတ်ဝန်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များက လူမှုကွန်ရက် စာမျက်နှာများတွင်လည်း ကန့်ကွက်မှုများ ရေးသားခဲ့ကြသည်။ သာကေတတွင် တည်ဆောက်ရန် လျာထားခဲ့သည့် ဆေးရုံမှာ လတ်တလောတွင် COVID-19 လူနာများထားရန်နှင့် COVID-19 ရောဂါ ထိန်းချုပ်နိုင်ပါက ယာယီဆေးရုံများမှ ပိုလျှံနေသည့် ပစ္စည်းများကိုထားရန်အတွက် စီစဉ်ထားခြင်း ဖြစ်သည်။

Hospital1

 ဆေးရုံတည်ဆောက်ရန်အတွက် လိုအပ်သည့် မြေနေရာမှာ အနည်းဆုံး ခြောက်ဧကနှင့် ခုနစ်ဧကခန့် လိုအပ်ကြောင်း၊ Permanent ဆေးရုံဖြစ်ခြင်းကြောင့် လူနာ ၆၀၀ မှ ၇၀၀ အကြား ထားရှိနိုင်မှသာ သတ်မှတ် ဆရာဝန်အရေအတွက် ရရှိကြောင်း၊ ယင်းကြောင့် မြေနေရာကျယ်ကျယ် လိုအပ်ကြောင်း ဦးစန်းကြူက ပြောကြားသည်။ ယင်းဆေးရုံနေရာမှာ ယခင်က လယ်ရွာသုသာန်ဟု သတ်မှတ်ခဲ့ပြီး သုသာန်အဖြစ်မှ အမှိုက်ပုံအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
Credit: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ