COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအမိန့် ညွှန်ကြားချက်များကို သြဂုတ် ၁၅ ရက်အထိ သက်တမ်းတိုး

Share ရန်


COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ထုတ်ပြန်ထားသော အမိန့်၊ ပန် ကြားလွှာနှင့် ညွှန်ကြားချက်များ ကို သြဂုတ် ၁၅ ရက်အထိ သက် တမ်းတိုးလိုက်ကြောင်း COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့်ဗဟိုကော် မတီက ယမန်နေ့တွင် ထုတ်ပြန် သည်။

COVID-19 ကူးစက်ပြန့်ပွား မှုမဖြစ်စေရန် ပြည်သူများဆက် လက်လိုက်နာရမည့် ပြည်ထောင် စုအဆင့်နှင့် ပြည်ထောင်စုဝန် ကြီးဌာနများ၏ အမိန့်ကြေညာ စာများအရ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်နှင့် ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်တို့ ပါဝင်သည်။

ထုတ်ပြန်ချက်အရ ကော်မ တီအနေဖြင့် COVID-19 ကူး စက်ပျံ့နှံ့မှုကို ဆက်လက်ထိန်း ချုပ်ဆောင်ရွက်ရန်လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အ စည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ ၂၀၂၀ ဇူလိုင် ၃၁ ရက် အထိ ထုတ်ပြန်ထားသော ပြည် သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၅ ရက်အထိတိုးမြှင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင် ၂၉ ရက်က ပြင်ဆင်ခဲ့သည့် လူငါးဦးထက်ပိုစုဝေးခြင်းမပြုရဟူသော သတ်မှတ်ချက်အစား ၁၅ ဦးထက် ပိုစုဝေးခြင်းမပြုရန် အမိန့်များမှာ ဆက်လက် သက်ရောက်နေဦးမည်ဖြစ်သည်။  ထိုကဲ့သို့ အမိန့်စာထွက်ရှိ ပြီးနောက် ပုံမှန်ပျံသန်းပြေးဆွဲနေ သော နိုင်ငံတကာလေကြောင်း လိုင်းများ ဝင်၊ ထွက်သွားလာခွင့် ကို အစိုးရက သြဂုတ်လကုန်အထိပိတ်ပင်ထားသည်။

မြန်မာနိုင်ငံတွင် ယမန်နေ့ထိ COVID -19 လူနာ ၃၅၁ ဦးရှိပြီဖြစ်ပြီး လတ်တလောကာလများတွင် ပြည်ပပြန်များမှ အများဆုံး ပိုးတွေ့ရှိနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
Credit: 7 Day News

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!