မြန်မာနိုင်ငံသို့ နေရပ်ပြန်လာသူများအနက် ထိုင်း လဝက အချုပ်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ အားလုံးကို ကျန်းမာရေးစစ်ဆေးမှု အသေးစိတ်လုပ်ဆောင်

Share ရန်


မြန်မာထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဒုတိယအကြိမ်အဖြစ် စတင်ဝင်ရောက်သည့် မေ ၁ ရက် မှဇူလိုင် ၂၅ ရက်အထိ ထိုင်းပြန်လုပ်သား ၅၀၀၀၀ ကျော်ရှိပြီး ၎င်းတို့ထဲတွင် ထိုင်းလဝက အချုပ်ထောင် (ထိုင်း IDC)မှ ပြန်လည်လွတ်မြောက်လာသူ ၁၁၂၄ ဦး ရှိကာ အားလုံးကို ကျန်းမာရေးစစ်ဆေးမှု Medical Checkup အသေးစိတ်လုပ်ဆောင်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။

“IDC ကပြန်လာသူတွေအားလုံးကတော့ အရင်ကလိုကျန်းမာရေးစောင့်ရှောက်မှုအပြည့်ဆောင်ရွက်ပေးထားတယ်။ Medical Checkup အသေးစိတ်လုပ်တယ်။ ဆီးစစ်တယ်၊ သွေးစစ်တယ်၊၊ အဆုတ်မကောင်းရင် တီဘီရှိ မရှိ စစ်တယ်။ သူတို့ရဲ့ အသွားအလာ နေထိုင်မှုပေါ်မူတည်ပြီး HIV စစ်ဖို့လိုရင် သူတို့နဲ့ ဆွေးနွေးပြီးစစ်ပေးပါတယ်။ COVID ကတော့လူတိုင်းကိုစစ်ပါတယ်။

အထူးသဖြင့်တော့ကူးစက်ရောဂါတွေကို စစ်ဆေးပေးပါတယ်။ ယခင်ကတော့ ဝင်ဝင်ချင်းနေ့စစ်တယ်၊ အခုတော့ တစ်ပတ်နေပြီးမှ အတွေ့နိုင်ဆုံးအချိန်စစ်ပေးနေပါတယ်” ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ထိုင်းနိုင်ငံလဝကအချုပ်ထောင် ထိုင်း IDC မှ ပြန်လာသူများအနက် တစ်နေ့တည်း COVID-19 Positive ဖြစ်ခဲ့သူ ၂၃ ဦးထိရှိခဲ့သည့်အတွက် COVID အပြင် ၊ တီဘီ၊ HIV နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ကို စစ်ဆေးလုပ်ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် နေရပ်ပြန်လာသူ ငါးသောင်းကျော်အနက် မြဝတီ Quarantine Center များမှ Swab နမူနာယူစစ်ဆေးပြီးသူ ၈၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်မြန်မာလုပ်သားများ ဘေးကင်းလုံခြုံစွာဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ဝင် ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး နေသူ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “မနေ့ကထိ ဒုတိယအကြိမ်ပြန်ဝင် လာတာ ၅၂၈၃၉ ဦးရှိတဲ့အထဲမှာ ထိုင်း IDC က ၁၀၀၃ ဦးရှိပါပြီ။

ဒီနေ့ ဝင်တဲ့ ၁၂၁ နဲ့ဆိုရင် ၁၁၂၄ ဦးဖြစ်သွားမှာဖြစ်ပါတယ်။ ပြန်ဝင်လာ တဲ့ ၅၂၀၀၀ ကျော်မှာ COVID ရောဂါပိုးရှိ မ ရှိစစ်ဆေးထားတာက ၈၀၂၁ ဦးရှိပြီဖြစ်ပါ တယ်။ အဲဒီထဲကမှ မနေ့ကတစ်ဦး ထူးထူးခြားခြား COVID Positive ဖြစ်သွားတယ်။နောက် ပြီးတော့ On the Way လမ်းပေါ်မှာ စစ်ဆေး ဖို့သွားပို့တာက ၁၄၀ ရှိပါတယ်” ဟု ဇူလိုင် ၂၅ ရက်က ပြောကြားသည်။

COVID-19 အရေးပေါ်ကာလအဖြစ် စတင်ကြေညာပြီး အမှတ် (၁) ချစ်ကြည်ရေးတံတားအား အသွားအလာကန့်သတ်ပိတ်ထားကာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှစတင် လက်ခံခဲ့သည့်မတ် ၂၁ ရက်မှ ဇူလိုင် ၂၅ ရက် အထိ နေရပ်သို့ပြန်လာသူ ၉၃၁၀၆ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။ Credit: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!