Mandatory Credit: Photo by Geoff Moore/Shutterstock (9962488v) Richard Austin Quest CNN travel reporter reporting live from World Travel Market World Travel Market, London, UK – 05 Nov 2018

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရသည့် Richard Questရဲ့ အတွေ့အကြုံ

Share ရန်


ချောင်းဆိုးခြင်းသည် အကြောင်းပြချက်မရှိ၊ သတိပေးခြင်း မရှိ ရောက်လာပြီး မောပန်းလာသည်။ အမှန်ကတော့ ကျွနိုပ်ရောဂါကူးစက်ခံရသည့် အချိန်တွင် ခွန်အားမရှိသလို ခံစားလာရပြီး စတင်ကူးစက်လာပါသည်ဟု Richard Quest က ရင်ဖွင့်ပြောကြားခဲ့သည်။တခြားသူများကဲ့သို့ပင် ကျွနိုပ်သည်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရသည်။

ကျွနိုပ်သည် ကိုရိုနာဗိုင်းရပ်စပ်ရောဂါကို ဧပြီလလယ်ပိုင်းလောက်တွင် ပြန်လည်ကူးဆက်ခံခဲ့ရသည်။ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာသည်။ အရမ်းပင်ပန်းလာပြီး ရုတ်တရက် ချောင်းဆိုးခြင်းကို သတိပြုမိလာသည်။ စမ်းသပ်စစ်ဆေးခံရပြီး ဆေးဘက်ဆိုင်ရာစင်တာကနေ ဖုန်းဆက်ပြီးနောက်တစ်နေ့မနက်တွင် ရောဂါရှိကြောင်း သေချာသွားသည်။

ကူးစက်ရောဂါသည် လေဆင်နှာမောင်းနှင့်တူသည်။ ၎င်းသည်ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံနှံ့သွားပြီး မတည်မငြိမ်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများ ဖြစ်ပေါ်လာသည်။ တချို့လူများသည် ၎င်းရောဂါလက္ခဏာများကို ခံစားနိုင်မည် မဟုတ်။ ကျွန်တော့်မှာ အသက်ရှူကျပ်တဲ့အခက်အခဲတွေ၊ ပင်ပန်းနွမ်းနယ်နေပြီး ပြန်ဖြစ်ပေါ်လာသော ချောင်းဆိုးခြင်းကို အမြဲတမ်းရရှိခံစားခဲ့ရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏လက္ခဏာဖြစ်သော ချောင်းဆိုးခြင်းသည် ပုံမှန်ချောင်းဆိုးခြင်းများနှင့် မတူပါ။ ၎င်းသည် အလွန်ထူးခြားသည်။ ၎င်းသည် ခြောက်သွေ့ပြီး ရင်မောသော ချောင်းဆိုးခြင်းဖြစ်သည်။ ကျွန်တော့်ကိစ္စမှာ ရှူထုတ်လိုက်လေတွေ၊ နက်ရှိုင်းပြီးရင်ဘတ်အောင့်နေသော ချောင်းဆိုးရောဂါကို ခံစားရင်းဆက်ပြီးရပ်တည်သွားနိုင်မလားဆိုတာကို သိချင်နေခြင်းအားဖြင့် ရပ်တည်နေသည်။

ကျွနိုပ်သည် အရမ်းအားနည်းသော လူနာတစ်ယောက်ဖြစ်ခဲ့သောကြောင့် ဖန်ခွက် သို့မဟုတ် တစ်ခုခုကိုယူမည် လုပ်သော်လည်း ချက်ချင်း လက်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်ထိ ကိုယ်ခံအားနည်းခဲ့သည်။ ကြမ်းပြင်ပေါ်သို့ လဲကျခဲ့သည်။ လူတစ်ယောက်၏စိတ်ထဲတွင်တစ်ခုခုကို လုပ်ချင်နေသော်လည်း ခန္ဓာကိုယ်မှာအလွန်အားနည်းနေသောကြောင့် စိတ်သွားတိုင်း ကိုယ်မပါဆိုကဲ့သို့ ဦးနောက်က တုံ့ပြန်မှု အားနည်းနေသည်။

ထိုအချိန်တွင် စိတ်ရှုပ်ထွေးမှုများကို စတင်ခံစားလာရသည်။ အတွေးများ နှောင့်နှေးသွားသလို စကားလုံးတစ်လုံးနှင့် တစ်လုံးကြားတွင် တွန့်ဆုတ်မှုများဖြစ်နေသည်ကို မည်သူမှ သတိထားမိမည် မဟုတ်။ အနည်းဆုံးပြောရမည်ဆိုလျှင် အစာချေစနစ်သည် အလွန်ထူးခြားသည်။ ဤရောဂါလက္ခဏာများကြောင့် ခန္ဓာကိုယ်သည် ပုံမှန်မဟုတ် သလို ခံစားလာရသည်။

ဆရာဝန်များသည်လည်း ကျွနိုပ်ကို အသက်သာဆုံးဖြစ်လာစေရန် ကြိုးစားကြသည်။ ပြီးခဲ့သည့်အပတ်က ချောင်းဆိုးခြင်းကို အလွန်ခံစားခဲ့ရပြီး လမ်းမလျှောက်နိုင်လောက်သည့်အထိ ပင်ပန်းနွမ်းနယ်ခဲ့သည်။ ယခုအပတ်တွင်မူ အလွန်ကောင်းလာပြီး ကျန်းမာလာကြောင်းပြောကြားခဲ့သည်။ ရောဂါကူးစက်မခံရသူများအနေနှင့်လဲ လေဆင်နှာမောင်းကဲ့သို့သော ကူးစက်မှုကို သတိထားဂရုစိုက်ကြရန် တိုက်တွန်းထားသည်။

Credit: CNN

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!