ရန်ကုန်မြို့ရဲ့ stay home အမိန့်အောက်က မြင်ကွင်း

Share ရန်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု အချိန်တိုကာလအတွင်း မြင့်တက်လာမှုကြောင့် တိုင်းအတွင်းရှိ ကိုကိုးကျွန်း မြို့နယ်မှအပ ကျန်မြို့နယ်အားလုံးကို နေအိမ်မှာပဲနေထိုင်ဖို့ (Stay at Home) ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနက စက်တင်ဘာ ၂၀ ရက်၊ ည ၈ နာရီမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Stay1

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၆,၄၇၁ ဦး ရှိပြီး သေဆုံးသူ ၁၀၀ ဦး ရှိပြီဖြစ်ကာ ရန်ကုန်တိုင်းကတော့ လူနာဦးရေ ၃,၉၇၃ ဦး (စက်တင်ဘာ၂၁ ရက်၊ နံနက် ၇ နာရီအထိ) နဲ့ အများဆုံး ဖြစ်နေပါတယ်။

Stay2 1

ဒီလူနာတွေထဲမှာ ခရီးသွားရာဇဝင် မရှိတဲ့အပြင် အတည်ပြု လူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့တဲ့လူနာ အများအပြား ပါဝင်နေတာကြောင့် ထိထိရောက်ရောက်နဲ့ ထိန်းချုပ်နိုင်ဖို့ အခုလို Stay at Home အစီအစဉ် လုပ်ရတာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Stay3

ရောဂါထိန်းချုပ်ဖို့ အခုလို ဆောင်ရွက်တာဆိုပေမယ့် စက်တင်ဘာ ၂၁ ရက်၊ နံနက် ၈ နာရီမှာ စတင် အသက်ဝင်မယ့် အမိန့်ညွှန်ကြားချက်ကို စက်တင်ဘာ ၂၀ ရက်၊ ည ၈ နာရီမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

Stay

ရှင်းရှင်းလင်းလင်း မရှိတဲ့ စည်းကမ်းချက်တွေရယ်ကြောင့် ရန်ကုန်လူထုကို အတော်လေး အကျပ်ရိုက်သွားစေခဲ့ပါတယ်။
Credit: The Irrawaddy

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ