စင်္ကာပူနိုင်ငံတွင် ကုန်ပစ္စည်းဘောက်ချာများကို စာတိုက်ပုံးများမှ ခိုးယူခဲ့သူ ၇ ဦးအား ဖမ်းဆီးခဲ့

Share ရန်


စင်္ကာပူနိုင်ငံ၊ လူနေရပ်ကွက်များရှိ စာတိုက်များမှ Budget 2020 ကုန်ပစ္စည်းဘောက်ချာများကို ခိုးယူခဲ့သော လူခုနှစ်ဦးအား ဖမ်းဆီးခဲ့သည်ဟု Singapore Police Force (SPF) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဖမ်းဆီးခံခဲ့ရသော ၂၃ နှစ်မှ ၅၄ နှစ်ကြားရှိ အမျိုးသားလေးယောက်နှင့် အမျိုးသမီးသုံးဦးတို့သည် စင်ကာပူနိုင်ငံရှိ နေရာအနှံ့တွင် ခိုးယူမှုများကျူးလွန်ခဲ့ခြင်းနှင့် တခြားဖြစ်ရပ်များတွင်လည်း ပါဝင်ပတ်သက်နေသည်ဟု သံသယရှိနေသည်။

Voulcer1

Toa Payoh Lorong 7 တလျှောက်ရှိ လူနေအိမ်ခန်းများအတွင်းမှ ကုန်စုံဘောက်ချာများခိုးယူမှုဖြင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အောက်တိုဘာ ၁၁ ရက်တွင် ဖမ်းဆီးခဲ့သည်။ တခြားအမှုတစ်ခုတွင် ၂၄ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့သည် Tampines Street 86 ရှိလူနေအဆောက်အအုံတစ်ခုတွင် ဘောက်ချာများ ခိုးယူခဲ့သည်ဟု သံသယရှိခဲ့ကြသည်။

Voulcer4

Woodlands ရဲဌာနမှရဲများက အင်္ဂါနေ့တွင် Marsiling Roa တစ်လျှောက်ရှိ လူနေအိမ်ခန်းများမှ ကုန်ပစ္စည်းဘောက်ချာများ ခိုးယူမှုဖြင့် အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ၄၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်။

Voulcer

အသက် (၅၄) နှစ်အရွယ်အမျိုးသားကိုလည်း Clementi ရဲဌာနမှ အရာရှိများက ထိုနေ့တွင်ပင် ဖမ်းဆီးခဲ့သည်။ ရဲများကTelok Blangah Rise တစ်လျှောက် လူနေအိမ်များရှိ စာတိုက်ပုံးများမှ ဘောက်ချာများကို ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့သည်။ နောက်ထပ် ၅၄ နှစ်အရွယ်အမျိုးသားတစ်ဦး သည် Holland Close ရှိ လူနေအိမ်ခန်းတစ်ခုတွင် ကုန်ပစ္စည်းဘောက်ချာများ ခိုးယူမှုဖြင့် ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရသည်။

Voulcer3

Budget 2020 ကုန်ပစ္စည်းဘောက်ချာများအတွက် အရည်အချင်းပြည့်မီသော ရဲတပ်ဖွဲ့ဝင်များက အများပြည်သူအား သူတို့၏ဘောက်ချာများကို စာတိုက်ပုံးများမှ အမြန်ဆုံးယူကြရန် အကြံပေးခဲ့သည်။သူတို့၏ စာတိုက်ပုံးများကို အမြဲတမ်းလုံခြုံအောင် ပြုလုပ်သင့်ကြောင်း ရဲတပ်ဖွဲ့မှပြောကြားခဲ့သည်။

သူတို့၏ဘောက်ချာများအခိုးခံရသည်ဟု သံသယရှိသော ရဲများအနေဖြင့် ချက်ချင်းသတင်းပို့သင့်ကြောင်းနှင့်ဘောက်ချာများအားဖယ်ရှား။ ပျောက်ဆုံးသွားသော ဘောက်ချာများကို အစားထိုးပေးရန် တောင်းဆိုလိုပါက Grocery Voucher hotline 1800-2222-888 သို့ဆက်သွယ်ပါနိုင်ကြောင်း ပြောကြားခဲ့သည်။
Credit: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ