စင်ကာပူရှိ Work Pass ကိုင်ဆောင်သူများ၏ အလုပ်အကိုင်အခြေအနေ

Share ရန်


Covid-19 ကူးစက်မှုကာလ ၄ လထဲ ရောက်ရှိလာပြီးနောက်ပိုင်း စင်ကာပူ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့်နိုင်ငံခြားသား ဝန်ထမ်းများ အလုပ်အခြေအနေမှာတော့ အားရစရာမရှိတဲ့အပြင် အလုပ်လက်မဲ့ဖြစ်သူတွေလည်း ပိုပြီးများလာပါတယ်။

မြန်မာအများစု သိချင်နေကြတဲ့ Work Pass ကိုင်ဆောင်သူ အရေအတွက်နဲ့ ဘယ်နှစ်ဦးလောက် အလုပ်ကဖယ်ရှားခံရတယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။

worker in construction side

ဒါပေမယ့် လက်ရှိစင်ကာပူရဲ့ EP, S pass, WP နဲ့ အိမ်အကူ WP အရေအတွက်ကို Dec 2019 နဲ့ March 2020 ကို ယှဉ်ပြထားတဲ့ ဇယားအရ သုံးသပ်ရရင်တော့
(၁) EP အရေအတွက် မဆိုသလောက် တက်လာပါတယ်၊ ဒါပေမယ့် ရာဂဏာန်းလောက်ပါ၊
(၂) အိမ်အကူ WP တွေလည်း ရာဂဏာန်းလောက် တက်လာပါတယ်၊
(၃) S pass ၅ ထောင်ကျော် ကျဆင်းသွားပါတယ်၊
(၄) ဆောက်လုပ်ရေးက WP တွေလည်း ၅ ထောင်ကျော်လောက် လျော့ကျခဲ့ပါတယ်၊
(၅) အခြား WP ကိုင်ဆောင်သူ ထောင် ဂဏာန်းအရေအတွက် ကျဆင်းခဲ့ပြန်ပါတယ်၊

Shrinking Foreign Workforce
ကျဆင်းလာသော နိုင်ငံခြားအလုပ်သမား အင်အား

ခြုံငုံ သုံးသပ်ရရင်တော့ ဆောက်လုပ်ရေးက WP ကိုင်ဆောင်သူများဟာ အလုပ်ကဖယ်ရှားတဲ့ နှုန်းအမြင့်ဆုံးမှာ ရှိနေပြီး၊ ဒုတိယ အမြင့်ဆုံး ဖယ်ရှားခံရသူတွေကတော့ S pass ကိုင်ဆောင်သူများဖြစ်ပါတယ်။

သို့ပေမယ့်လည်း  retrenchment (လူလျှော့ခြင်း) ကြောင့် ပတ်စ်ကိုင်ဆောင်သူ ဦးရေ ကျဆင်းခြင်း ဟုတ် မဟုတ်ကိုတော့ ဖော်ပြပါ ဇယားအရ အတည်မပြုနိုင်သေးပါဘူး။

Credit: ST, Tin Min

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ

error: Alert: Content is protected !!