Singapore Airlines Job Cut (4)

စင်ကာပူလေကြောင်းလိုင်း (SIA) မှ ဝန်ထမ်းများ၏ လစာဖြတ်တောက်ခြင်းနှင့်အတူ စောစီးစွာ အငြိမ်းစားယူခွင့်များ ကမ်းလှမ်း

Share ရန်


စင်ကာပူလေကြောင်းလိုင်း (SIA) မှ ကုန်ကျစရိတ်များကို စီမံခန့်ခွဲရန်ပိုမိုလုပ်ဆောင်နေပြီး စီမံခန့်ခွဲရေးဝန်ထမ်းများ၏ လစာကိုလျှော့ချခြင်းနှင့် အခြားသောဝန်ထမ်းများ၏ လစာ ၁၀ရာခိုင်းနှုန်းကို ဖြတ်ထောက်မည်ဖြစ်သည်။ သြဂုတ်လ ၁ ရက်မှ စတင်၍ လစဉ်လစာ၏ အစိတ်အပိုင်းကို လေကြောင်းလိုင်းက ဖြတ်တောက်မည်ဖြစ်သည်။

“ဒါဟာ မန်နေဂျာရာထူးအောက်နိမ့်တဲ့ ဝန်ထမ်းတွေရဲ့ လစာ ၁၀ ရာခိုင်နှုန်းကိုသာဖြတ်တောက်ခြင်း” ဖြစ်တယ်ဟု ဇူလိုင်လ ၃၀ ရက်နေ့က SIA မှ ပြောကြားခဲ့သည်။

မန်နေဂျာများနှင့် အကြီးတန်းမန်နေဂျာများအနေဖြင့် သူတို့အခြေခံလစာ၏ ၁၂ ရာခိုင်နှုန်းလျှော့ချပြီး ဒုဥက္က နှင့် တိုင်းဒေသဆိုင်ရာ ဒုဥက္က များ၏ လစာ ၁၅ရာခိုင်နှုန်းကို လျှော့ချခဲ့သည်။ ထို့အပြင် အကြီးတန်းဒုဥက္က လစာ၏ ၂၅ ရာခိုင်းနှုန်း၊ အမှုဆောင်ဒုဥက္ကများ၏ လစာ ၃၀ ရာခိုင်နှုန်း တို့ကို ဖြတ်တောက်ခဲ့သည်။ CEO ဖြစ်သူ Goh Choon Phong ၏ လစာကိုလည်း ၃၅ ရာခိုင်နှုန်း ဖြတ်တောက်သွားမည်ဖြစ်သည်။

COVID-19 ကူးစက်ပျံ့နှံ့မှုနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် SIA သည် ပထမသုံးလပတ်တွင် စင်ကာပူဒေါ်လာ ၁.၁၂ ဘီလီယံ အသားတင်အရှုံးဖြင့်ရင်ဆိုင်ခဲ့ရသည်။

လခများဖြတ်တောက်ခြင်းအပြင် လေကြောင်းလိုင်းတွင် အရည်အချင်းပြည့်မှီသော ၀န်ထမ်းများအား COVID-19 အထူးအစောပိုင်း အငြိမ်းစားယူခွင့်ကို ကမ်းလှမ်းသွားမည် ဖြစ်သည်။

COVID-19 ကူးစက်ပျံ့နှံ့မှုနှင့် ခရီးသွားလာခွင့်ကန့်သတ်ချက်များကြောင့် လေကြောင်းလိုင်းများ အထိနာခဲ့သည်။ Airbus မှ လွန်ခဲ့သောတစ်လတွင် ကမ္ဘာတဝှမ်းအလုပ်အကိုင်ပေါင်း ၁၅၀၀၀ ခန့် (၁၁ရာခိုင်နှုန်း) လျှော့ချခဲ့သည်။

Rolls-Royce မှ ၎င်းသည်ကမ္ဘာအနှံ့ရှိ အလုပ်အကိုင်ပေါင်း ၉၀၀၀ ကိုလျှော့ချမည်ဖြစ်ကြောင်း၊ လေကြောင်းခရီးစဉ်များ ပြန်လည်ထူထောင်ရန် နှစ်ပေါင်းများစွာကြာလိမ့်မည်ဟု မေလကသတိပေးပြောကြားခဲ့သည်။
Credit: CNA

Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ

error: Alert: Content is protected !!