စင်္ကာပူလေကြောင်းလိုင်း (SIA) သည် နယူး‌ယောက်သို့ ပထမဆုံး ခရီးစဉ် စတင်တော့မည်

Share ရန်


Singapore Airlines (SIA) သည် လေကြောင်းခရီးစဉ်များ ပြန်လည်နလန်ထူထောင်နိုင်ရေးအတွက် အစောပိုင်းလက္ခဏာတစ်ခုအနေဖြင့် နယူးယောက်သို့ ပထမဆုံး စတင်ပျံသန်းတော့မည် ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။

Air4 1

ချန်ဂီလေဆိပ်နှင့် နယူးယောက်ရှိ ဂျွန်အက်ဖ်ကနေဒီ (JFK) အကြား သုံးပတ်ဆက်တိုက် မရပ်မနားပျံသန်းမှုများကို နိုဝင်ဘာလ ၉ ရက်တွင် စတင်မည်ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Air 1

JFK အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုခြင်းအားဖြင့် စင်ကာပူလေကြောင်းလိုင်းသည် လက်ရှိလည်ပတ်နေသော အခြေအနေတွင် နယူးယောက်သို့ခရီးစဉ်အတွက် ၎င်း၏ ၀န်ဆောင်မှုများအပေါ် ခရီးသည်နှင့်ကုန်တင်ယာဉ် အသွားအလာကို ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေဖြစ်စေနိုင်သည်ဟု SIA က ပြောကြားခဲ့သည်။

Air1 1

ယခုခရီးစဉ်သည် ချန်ဂီလေဆိပ်မှတဆင့် ကူးသန်းသွားလာလိုသော ခရီးသည်များအတွက်လည်း အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမည်ဟု ထပ်မံပြောကြားခဲ့သည်။ SIAက ၎င်း၏ခရီးစဉ်တစ်လျှောက်ပျံသန်းမှုတွင် လုံခြုံရေးအစီစဉ်များကိုလည်း ဖော်ပြထားသည်။

Air2 2

၎င်းလုံခြုံရေးအစီစဉ်များတွင် လေစီးကြောင်းဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ခရီးသည်များ လေယာဉ်ပေါ်သို့ မတက်မီ သန့်ရှင်းရေးများ၊ လေယာဉ်ဝန်ထမ်းများအတွက် အကာကွယ်ပစ္စည်းများ၊ ထိတွေ့မှုကင်းသော ရွေးချယ်မှုများနှင့် စားသောက်သည့်အချိန်မှလွဲ၍ ခရီးစဉ်တစ်လျှောက်တွင် လိုက်ပါလာသော ခရီးသည်များအနေဖြင့် mask တပ်ဆင်ထားရမည်ဟု ပြောကြားခဲ့သည်။
Credit: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ