စင်္ကာပူလေကြောင်းလိုင်းများသည် app အသစ်ကို ကိုရိုနာဗိုင်းရပ်စ်အသစ် စမ်းသပ်စစ်ဆေးရန်နှင့် ကာကွယ်ဆေးအခြေနေကို သိရှိနိုင်ရန် အသုံးပြု
စင်ကာပူလေကြောင်းလိုင်း (SIA) သည် ခရီးသွားသူများ၏ COVID-19 စစ်ဆေးမှုရလဒ်နှင့် ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များအား အတည်ပြုနိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ အက်ပလီကေးရှင်းအသစ်ကို စမ်းသပ်မှုများစတင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များကို ပိတ်ပင်လိုက်ခြင်းနှင့် နယ်နိမိတ်ကန့်သတ်မှုများကြားမှ COVID-19 ကူးစက်ရောဂါကြောင့် လေကြောင်းနှင့်ခရီးသွားလုပ်ငန်းသည် အကြီးအကျယ်ထိခိုက်ခဲ့သည်။

ကျန်းမာရေးစစ်ဆေးမှုအတွက် အက်ပလီကေးရှင်းအသစ်သည် ခရီးသည်များ၏ ကျန်းမာရေးအထောက်အထားများကို လက်ရှိပရိုတိုကောများထက် ပိုမိုမြန်ဆန်သည့်အပြင် ပိုမိုလုံခြုံသောနည်းလမ်းတစ်ခုကို ပေးလိမ့်မည်ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ယုံကြည်မှုရှိစွာ ခရီးသွားလာနိုင်ရေးကို ကူညီပေးနိုင်လိမ့်မည်ဟု SIA ကဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က စတင်ခဲ့သောစစ်ဆေးမှုတွင် ဂျကာတာသို့မဟုတ်ကွာလာလမ်ပူမြို့နှစ်မြို့ရှိ ရွေးချယ်ထားသောဆေးခန်းများ၌ COVID-19 စစ်ဆေးမှုများကို ပြုလုပ်ပြီး SIA လေယာဉ်ခရီးစဉ်များကို ခရီးသွားများအတွက် လက်မှတ် သို့မဟုတ် QR code ပါသည့် ထောက်ခံစာအဖြစ် ကျန်းမာရေးလက်မှတ်များ ပေးလိမ့်မည်။

လေယာဉ်ကွင်းအဝင်အထွက်စစ်ဆေးသည့်ဝန်ထမ်းများနှင့် စင်္ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များမှ ကျန်းမာရေးထောက်ခံစာများကို စစ်ဆေးရန်အတွက် အက်ပလီကေးရှင်းထဲမှ ကုဒ်ကိုစစ်ဆေးမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အတူ ထောက်ခံချက်များအရ သေချာစေရန် စစ်ဆေးမည်။ ခရီးသည်များအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းနှင့် ကျန်းမာရေးထောက်ခံစာမပါရှိပါက လက်ဖြင့်ရေးထားသော ထောက်ခံစာပါရှိရမည်။
Source: CNA