COVID-19 ဖြစ်ပွားမှုများ မြင့်တက်ပါက စင်္ကာပူ-ဟောင်ကောင် လေကြောင်းခရီးစဉ်များ ခေတ္တဆိုင်းငံ့ထားမည်

Share ရန်


စင်္ကာပူနိုင်ငံနှင့် ဟောင်ကောင်နိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် quarantines နှင့် stay-home ဆိုင်ရာ ကျန်းမာရေးသတိပေးချက်များမှ ကင်းလွတ်ခွင့်ပြုစေမည့် နှစ်နိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေးကို တည်ဆောက်ရန် သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

Flight

ထိုလေကြောင်းလိုင်းနှင့်ခရီးသွားမည့် ခရီးသည်များအားလုံးသည် ခရီးသွားလာခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များသတ်မှတ်ထားခြင်း မရှိကြောင်းနှင့် တခြားထိန်းချုပ်ထားသော ခရီးစဉ်များမရှိပါဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြာသပတေးနေ့ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ သို့သော် ခရီးသည်များသည် COVID-19 polymerase ကွင်းဆက်တုံ့ပြန်မှု (PCR) စမ်းသပ်မှုများ လိုအပ်လိမ့်မည်။

Flight2 1

ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လေကြောင်းခရီးသည်များသည် နောက်ဆုံးပေါ်တိုးတက်မှုများနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအခြေအနေနှင့်အညီ သတ်မှတ်ထားသော ပျံသန်းမှုခရီးစဉ်အရေအတွက်ကို ထပ်တိုးခြင်း သို့မဟုတ် လျှော့ချခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ်နိုင်သည်။

ကျွနိုပ်တို့နှစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု နည်းပါးပြီး ၎င်းဗိုင်းရပ်စ်ကို စီမံခန့်ခွဲနိုင်ရန် အင်အားကောင်းသော ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှုများကို စည်းကမ်းတကျ သေချာစွာ ချမှတ်ထားကြောင်းသယ်ယူပို့ဆောင်ရေး ၀န်ကြီး Ong Ye Kung က ပြောကြားသည်။

Flight3

မကြာသေးမီအချိန်က နှစ်နိုင်ငံကြားလေကြောင်းခရီးစဉ် စတင်မည့်သတင်းကို ထုတ်ပြန်ခဲ့သော်လည်း COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်လာပါက စင်ကာပူနှင့်ဟောင်ကောင်တို့တွင် အသစ်ထပ်မံကြေညာသည့် လေကြောင်းခရီးစဉ်ကို ဆိုင်းငံ့ထားမည်ဟု သယ်ယူပို့ဆောင်ရေး ၀န်ကြီး Ong Ye Kung ကအောက်တိုဘာ ၁၅ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံးသည် အရေးကြီးသော လေကြောင်းပို့ဆောင်ရေးဗဟိုချက်များဖြစ်နေသောကြောင့် ကျွနိုပ်တို့ ကြိုးစားရမည်။ ကျွနိုပ်တို့နှစ်နိုင်ငံလုံး၏ လေကြောင်းအချက်အချာသည် စီးပွားရေးတစ်ခုလုံးနှင့် သက်ဆိုင်သော်လည်း လေကြောင်းဆိုင်ရာစက်မှုလုပ်ငန်းနှင့်သက်ဆိုင်သည် မဟုတ်သောကြောင့် ထောင်နှင့်ချီသောအလုပ်အကိုင်များကို ရင်ဆိုင်နေရသည်။

Flight1

စင်ကာပူနှင့်ဟောင်ကောင်နှစ်နိုင်ငံစလုံးသည် နှစ်ဖက်စလုံးနှင့်အဆင်ပြေစေနိုင်သော အချို့မတော်တဆဖြစ်ပွားမှုနှုန်းကို သဘောတူရန်လိုအပ်လိမ့်မည်ဟု ၀န်ကြီးကပြောကြားသည်။ ဒုတိယကူးစက်မှုလည်း ဖြစ်နိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။ အကယ်၍ အဲလိုမျိုး ဖြစ်ပွားခဲ့ပါက နှစ်နိုင်ငံကြားက သဘောတူညီချက်များကို အချိန်တိုအတွင်း ပြန်လည်ပြင်ဆင်နိုင်စွမ်း ရှိရမည်။
Credit: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ