စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် မရှိမဖြစ်လိုအပ်သော စီးပွားရေးနှင့်တရားဝင်ခရီးများအတွက် အစိမ်းရောင်လမ်းသွယ်ကိုစတင်ရန်သဘောတူခဲ့

Share ရန်


စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် တရား၀င်ခရီးသွားလာခြင်းအတွက် အပြန်အလှန်အစိမ်းရောင်လမ်းကြောင်း (RGL) ကို တည်ထောင်ရန် သဘောတူခဲ့ကြသည်။

Sing 3

RGL နှင့်ပတ်သက်သော လျှောက်လွှာများကို အောက်တိုဘာ ၂၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မကြာမီခရီးသွားလာခြင်းများကို ခွင့်ပြုမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာန (MFA) က တနင်္လာနေ့ (အောက်တိုဘာ ၁၂ ရက်) ၌ ပြောကြားခဲ့သည်။

Sing1 3

သြဂုတ်လ ၂၅ ရက်က စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာန (MFA) မှ စင်ကာပူနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့သည်အပြန်အလှန် အစိမ်းရောင်လမ်းကြောအတွက် ဆွေးနွေးပွဲများစတင်ရန် စီစဉ်ထားပြီးနောက် ၂ လအကြာတွင်သဘောတူညီမှုရရှိခဲ့သည်။

Sing4 5

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က CNA သို့ ပြီးခဲ့သည့် အပတ် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် နှစ်နိုင်ငံအနေဖြင့် အစိမ်းရောင်လမ်းကြောအတွက် စေ့စပ်ညှိနှိုင်းမှုနောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်းနှင့် ဤအစီအစဉ်အား လွယ်ကူချောမွေ့စေရန် မြေပြင်ပေါ်၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
Credit: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ