ကိုဗစ်ကြောင့် အလုပ်ပြုတ်မှု ပိုမိုများပြားလာမည်ဟု မျှော်လင့်ထားသော စင်္ကာပူနိုင်ငံအလုပ်သမား သမဂ္ဂက ဝန်ထမ်းလျော့ချရေးဆိုင်ရာ စည်းမျဉ်းများကို အသစ်ပြုပြင်
ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြားတွင် အလုပ်အကိုင်များ ထပ်မံလျှော့ချရန် မျှော်လင့်ထားသည့်အတွက်အလုပ်ရှင်များအနေဖြင့် အလုပ်သမားများအား မည်သို့အလုပ်ထုတ်သင့်သည်နှင့် ပတ်သက်၍ ပိုမိုလမ်းညွှန်ချက်များပေးရန် အလုပ်သမားအင်အားနှင့်ဝန်ထမ်းလျော့ချရေးဆိုင်ရာ တာဝန်ယူမှုများကို စီမံခန့်ခွဲမှုအတွက်သုံးပွင့်ဆိုင်အကြံပေးချက်အား အသစ်ပြုပြင်ခဲ့သည်။

စနေနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် အကြံပေးချက်အား Ministry of Manpower (MOM)၊ the National Trades Union Congress (NTUC) နှင့် Singapore National Employers Federation (SNEF)တို့က ပူးပေါင်းထုတ်ဝေခဲ့သည်။

၎င်းအကြံပေးချက်တွင် စင်ကာပူအလုပ်သမားများကို ကုမ္ပဏီများမှ ခေါ်ယူခြင်း၊ အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏ အလုပ်သမားများအပေါ် ခံစားစေရမည့် သတင်းများကို ပိုမိုထိထိရောက်ရောက် မည်သို့ရပ်ပစ်နိုင်ကြောင်း လမ်းညွှန်ချက်များအပြင် ဝန်ထမ်းများပြန်လည်ခန့်ထားရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ်လေ့ကျင့်ရေးအစီအစဉ်များ ပါဝင်သည်။

အလုပ်သမားများအား လျှော့ချရေးတွင် မည်သို့စနစ်တကျလုပ်ဆောင်ရမည်ဟူသော စရင်းများလည်း ထည့်သွင်းထားသည်။ Ministry of Manpower (MOM)၏ သီးခြားထုတ်ပြန်ချက်တစ်ခုတွင် အလုပ်လက်မဲ့ဖြစ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများအရ အလုပ်ရှင်များသည် စင်ကာပူလူမျိုးများအား ခွဲခြားဆက်ဆံခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Ministry of Manpower (MOM)၏ ပြောရေးဆိုခွင့်ရှိသူက ကုန်ကျစရိတ်သက်သာစေသောနည်းလမ်းများကို အကောင်အထည်ဖော်လိုသည့် ကုမ္ပဏီများအနေဖြင့် ကုန်ကျစရိတ်သက်သာစေမည့်နည်းလမ်းများသည်ငွေကြေးအခက်အခဲအချို့ကို ပြသနိုင်ခြင်းကြောင့် ဝန်ထမ်းများပြန်လည်လျှော့ချခြင်းဆိုင်ရာများ ပြုလုပ်ရန်ပိုများကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ်သက်သာသည့် အစီအမံများနှင့်ပတ်သက်၍ အကြောင်းကြားစာများတင်ပြသော ကုမ္ပဏီများသည် လူနည်းစုသာလျှင် ပြန်လည်ခန့်အပ်ရေးများ ပြုလုပ်နိုင်ခဲ့သည်။
Credit: CNA