မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သက္ကယ်ကျင်း-ဖောင်းပြင်-မဟာမြိုင်လမ်းရှိ လမ်းပိုင်းအချို့ ပျက်စီး

Share ရန်


စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မုံရွာ၊ မန္တလေးမြို့ကြီးများနှင့် ဆက်သွယ်ထားသော သက္ကယ်ကျင်း-ဖောင်းပြင်-မဟာမြိုင် လမ်းရှိ လမ်းပိုင်းအချို့နှင့် Box Culvert တစ်စင်းပျက်စီးသွားကြောင်း သိရသည်။

Paw1

ဖောင်းပြင်မြို့နယ်အတွင်းရှိ နန့်မခွင် ချောင်းရေ လျှံကာ အုန်းသာအုပ်စု အုန်းသာ ရွာအနီး၊ သက္ကယ်ကျင်း-ဖောင်းပြင်လမ်းရှိ နန့်မခွင်ချောင်းတံတားနှင့် ကိုက် ၆၀ ခန့် အကွာတွင် ဆောက်လုပ်ထားသည့် Box Culvert တစ်စင်းသည်ကွဲအက် ပြိုကျနေပြီး Box Culvert အနီးရှိ ကားလမ်းသည်လည်း အနည်းငယ် ချိုင့်ဝင်သွားသည်ကို အောက်တို ဘာ ၂၃ ရက်‌က စတင်တွေ့ရှိခဲ့ရကြောင်း အုန်းသာကျေးရွာသားတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

Paw2

၂၂ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာတော့ နန့်မခွင်ချောင်းရေများလာတာ။ များပြီးရေလျှံတော့ အဲဒီနားက မြောင်းငယ် လေးကရေက တံတားဘက်ကိုပြည့်လာတော့ တစ်ဖက်ကမြေသားကိုစားပြီး စားတဲ့ဘက် ကတံတားက နိမ့်ကျပြီးကွဲသွားတာ။ ကွဲသွားတော့အပေါ်က ကွန်ကရစ်လမ်းပါချိုင့်သွား တာ။ အဲဒီလိုဖြစ်သွားတော့ကုန်တင်ကားတွေဖြတ်ရင် အန္တရာယ်ရှိတယ်။ အဲဒီတံတား နားက လမ်းကြတော့လည်း လမ်းတစ်ဖက်က မြေသားကိုရေစားပြီး လမ်းကအလယ်မှာ ခွက်သွားတာပေါ့။ တံတားနဲ့လမ်းက ဆောက်ထားတာက သိပ်တော့မကြာသေးဘူး။

Paw 1

သက်တမ်းက အလွန်ဆုံး တစ်နှစ်ကျော်ပဲ ရှိဦးမယ်။ မနေ့ကတော့ သက်ဆိုင်ရာက လာကြည့်သွား တယ်။ လမ်းဘေးက မြေပြိုတာတော့ လာဖို့သွားတယ်။ တံတားကိုတော့ မပြင်သေးဘူး။မိုးကလည်း ဆက်တိုက်ရွာနေတော့ ပြင်ဖို့လည်း အဆင်မပြေနိုင်သေးဘူး။ လောလောဆယ်တံတားကို အိမ်စီးကားတစ်စီးစာ လောက်ချန်ပြီး ယာယီပိတ်ထားလိုက်တယ်”  ဟု အုန်းသာကျေးရွာသားတစ်ဦးက ပြောကြားသည်။

Paw4

လမ်းပိုင်းအချို့နှင့် Box Culvert တစ်စင်းပျက်စီးသွားသော သက္ကယ်ကျင်း-ဖောင်း ပြင်-မဟာမြိုင်လမ်းသည် ချင်းတွင်းအထက် ပိုင်းရှိ မြို့နယ်များနှင့် မုံရွာ၊ မန္တလေးမြို့ကြီး များသို့ ကုန်ပစ္စည်းများပို့ဆောင်ရာတွင် အ သုံးပြုသော လမ်းမကြီးတစ်ခုဖြစ်သည်။ ဖောင်းပြင်မြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေသည်မှာ ငါးရက်ခန့်ကြာမြင့် လာပြီး မိုးရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်း အချို့လည်း ပျက်စီးသွားကြောင်း သိရသည်။
Source: Eleven Media Group

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ