Myanmar nationals hold up their passports outside the embassy of Myanmar in Singapore April 27, 2008. Hundreds of Myanmar nationals gathered outside the embassy in Singapore on Sunday as they waited for their turn to vote in the country’s constitutional referendum. REUTERS/Vivek Prakash (SINGAPORE)

စင်ကာပူရောက် မြန်မာနိုင်ငံသားများအား Special Pass Extension နှင့်ပတ်သက်ပြီး အသိပေးကြေငြာချက်

Share ရန်


စင်ကာပူတွင် လတ်တလော ဖြစ်ပွာလျှက်ရှိသော Covid-19 Circuit Breaker ကာလအတွင်း Work Pass သက်တမ်းကုန်ဆုံးသွားသော မြန်မာအလုပ်သမားများ နှင့် အလည်အပတ်ရောက်ရှိနေရာကနေ မြန်မာနိုင်ငံသို့ ပြန်လို့မရတော့သည့် မြန်မာနိုင်ငံသားများအတွက် စင်ကာပူနိုင်ငံ မြန်မာသံရုံးမှ ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါပိုးအသစ် Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားနေမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့တစ်၀ှမ်းရှိ အစိုးရများက တုံ့ပြန်အရေးယူဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျှက်ရှိရာ၊​ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များအား မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေငြာချက်ကို ၃၀-၄-၂၀၂၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်သည့်အတွက် စင်ကာပူနိုင်ငံရောက် WorK Pass ကိုင်ဆောင်သူ (၎င်းတို့၏ Dependant Pass Holders များအပါအဝင်) မြန်မာနိုင်ငံသားများအနေဖြင့် Work Pass များကို ပယ်ဖျက်ထားပြီး၊ မိမိတို့၏ Special Pass (သို့မဟုတ်) Short-Term Visit Pass သည် (၇)ရက်အတွင် သက်တမ်းကုန်ဆုံးမည်ဆိုပါက မိမိတို့၏ အလုပ်ရှင် (သို့မဟုတ်) အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှတစ်ဆင့် စင်ကာပူနိုင်ငံ၊ လူ့စွမ်းအားဝန်ကြီးဌာန၏ website link ဖြစ်သည့်

https://form.gov.sg/?fbclid=IwAR30IDDIT7_S9XwhQSkYKzyqhjnipro4bhsXHtAtTJD6dbR02KPVwIRaiVs#!/5e32864e3733960011b05603

သို့ဝင်ရောက်၍ သက်တမ်းတိုး လျှောက်ထားဆောင်ရွက်သွားနိုင်ပါကြောင်း အသိပေးအပ်ပါသည်ဟု ကြေငြာထားသည်။


Share ရန်
Myint Mo

Myint Mo

စာရေးရာမှာ ဝါသနာပါပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူဖြစ်သည်။ ဓါတ်ပုံရိုက်တာကို စိတ်ဝင်စားပြီး ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သည်။

ဆက်စပ်သတင်းများ

error: Alert: Content is protected !!