Tags : Myanmar News

ရပ်ဆိုင်းလိုက်ရတဲ့ သာကေတမြို့နယ်ရှိ ၁၇ ဧကကျော် အမှိုက်ပုံပေါ်တွင် တည်ဆောက်မည့် လူနာ ၆၀၀ ကျော်ဆန့် ဆေးရုံစီမံကိန်း

သာကေတမြို့နယ်ရှိ ၁၇ ဧကကျော် အမှိုက်ပုံပေါ်တွင် လူနာ ၆၀၀ ကျော်ဆန့်ဆေးရုံ တည်ဆောက်မည့် စီမံကိန်း ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစန်းကြူက ပြောကြားသည်။ဆက်လက်ဖတ်ရှုရန်

Project K အဖွဲ့မှ အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ တောင်းပန်

မြန်မာနိုင်ငံမှ Boy Band တခုဖြစ်တဲ့ Project K အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် "Asia Song Festival 2020" ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ဖျော်ဖြေလျက် ရှိပါတယ်။ ဒီလိုဖျော်ဖြေတဲ့အခါမှာတော့ အောက်တိုဘာ ၁၀ ရက်နေ့က သူတို့ရဲ့ Page မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ရွှေတိဂုံဘုရား ပုံရိပ်ကိုနင်း၍ ဖျော်ဖြေတင်ဆက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ဆက်လက်ဖတ်ရှုရန်

NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးကား ကန့်ဘလူမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူများစွာဒဏ်ရာရခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်က NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးနေစဉ် အသံချဲ့စက် တင်ဆောင်ထားသည့် မဲဆွယ်စည်းရုံးရေးကားပေါ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၃ ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကန့်ဘလူခရိုင် မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။ဆက်လက်ဖတ်ရှုရန်

ဟင်္သာတတွင် NLD ထောက်ခံသူများ အကြမ်းဖက် တိုက်ခိုက်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ယမန်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများက အင်အားပြလှည့်လည်ရင်း တာဂွကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် လူ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။ဆက်လက်ဖတ်ရှုရန်

ဦးဇခုန်တိန့်ယိန်းက UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်ခြင်းမရှိဟုဆို

ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီ (UDP) ၏ ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် ပတ်သက်ခြင်း မရှိသည့်အပြင် နှင်းဆီပါတီနှင့်လည်း ကင်းကင်းရှင်းရှင်း နေလိုသည်ဟု ဒီမိုကရေစီပါတီသစ်(ကချင်) (NDP-K) ၏ နာယကဦးဇခုန်တိန့်ယိန်းက ပြောသည်။ဆက်လက်ဖတ်ရှုရန်

ဒုတိယအကြိမ် ကိုဗစ်ကုစားရေးအတွက် ချေးငွေလျှောက်လွှာ ၃၀၀၀ ကျော်ကို ပယ်ချခံရ

ဒုတိယအကြိမ် ကိုဗစ်ကုစားရေးချေးငွေအတွက် လျှောက်လွှာ ၁၁၀၀၀ ကျော်ကို လက်ခံရရှိသော်လည်း နိုင်ငံတော်က ချေးငွေခွင့်ပြုထားသည့် ကဏ္ဍမဟုတ်သော လုပ်ငန်းများမှ လျှောက်ထားခြင်း၊ စာရွက်စာတမ်း မပြည့်စုံခြင်း လုပ်ငန်းသက်တမ်း ၂ နှစ် မပြည့်ခြင်း စသည်တို့ကြောင့် လျှောက်လွှာ ၃၀၀၀ခန့် ပယ်ချလိုက်ကြောင်း UMFCCI မှသိရသည်။ဆက်လက်ဖတ်ရှုရန်

Stay home ကာလမှာပြင်ဆင်ချိန် မရလိုက်တဲ့ စီးပွားရေးလုပ်ငန်းများ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြားချက်အရ ဘဏ်လုပ်ငန်း၊ စားသောက်ကုန်၊ ဆေးဝါး၊ ရေသန့်၊ စက်သုံးဆီ စတဲ့ လုပ်ငန်းတွေကလွဲပြီး ကျန်ပုဂ္ဂလိက လုပ်ငန်းကဏ္ဍအားလုံး စက်တင်ဘာ ၂၁ ရက်နေ့မှစတင်ကာ အိမ်ကနေ အလုပ်လုပ်ရ မှာ ဖြစ်ပါတယ်။ဆက်လက်ဖတ်ရှုရန်

ရန်ကုန်မြို့ရဲ့ stay home အမိန့်အောက်က မြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု အချိန်တိုကာလအတွင်း မြင့်တက်လာမှုကြောင့် တိုင်းအတွင်းရှိ ကိုကိုးကျွန်း မြို့နယ်မှအပ ကျန်မြို့နယ်အားလုံးကို နေအိမ်မှာပဲနေထိုင်ဖို့ (Stay at Home) ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနက စက်တင်ဘာ ၂၀ ရက်၊ ည ၈ နာရီမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ဆက်လက်ဖတ်ရှုရန်

မြေပြိုမှုများဖြစ်ပွားနေသော မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း

မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း မြေပြိုမှုရှင်းလင်းရေးလုပ်ငန်းတွင် အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း ကချင်ပြည်နယ် လမ်းဦးစီးဌာန မှ သတင်းရရှိသည်။ စက်တင်ဘာ ၁၁ ရက်က ကီလိုမီတာ ၉၀ နှင့် ၉၁ ကြားရှိ ဒေသအခေါ် တံတားညီ နောင်နေရာတွင် မြေပြိုကျခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေး မှူး ဦးတင်မောင်အုန်းက ပြောကြားသည်။ဆက်လက်ဖတ်ရှုရန်

ရန်ကုန်ပြန် KTV ဝန်ထမ်းတစ်ဦး၌ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် COVID-19 ကူးစက်ရောဂါပိုး တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် ရန်ကုန်ပြန် KTV ဝန်ထမ်းတစ်ဦး၌ COVID-19 ကူးစက်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ဆက်လက်ဖတ်ရှုရန်