Tags : Singapore

စင်္ကာပူနိုင်ငံတွင် အိမ်အကူများကို တရားမ၀ င် ငွေထုတ်ချေးခဲ့တဲ့ လူတစ်ယောက်အား ထောင်ဒဏ်ချမှတ်

၂ နှစ်နီးပါးအတွင်းတွင် စင်ကာပူအမျိုးသားတစ်ဦးသည် နိုင်ငံခြားသားအလုပ်သမား ၁၉ ဦးအား ဖောက်သည်များအဖြစ် တရားမ၀င်ငွေထုတ်ချေးခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းမှ တစ်လလျှင် စင်္ကာပူဒေါ်လာ ၁၀၀၀ မှ ၁၅၀၀ အထိရခဲ့သည်။ဆက်လက်ဖတ်ရှုရန်

ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးအတွက် စင်ကာပူနိုင်ငံက အာဏာပိုင်များအနေဖြင့်လယ်ယာစိုက်ပျိုးရေး နည်းလမ်းများကို သတ်မှတ်လိမ့်မည်မဟုတ်

စင်္ကာပူနိုင်ငံသည် ကုန်ထုတ်စွမ်းအားတိုးမြှင့်ရေးအတွက် တွန်းအားပေးသကဲ့သို့ အာဏာပိုင်များအနေဖြင့်လယ်ယာစိုက်ပျိုးရေးနည်းစနစ်များကို သတ်မှတ်ခြင်း ပြုလုပ်လိမ့်မည်မဟုတ်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ၀န်ကြီးဌာန ၀န်ကြီး Grace Fu က ပြောကြားခဲ့သည်။ဆက်လက်ဖတ်ရှုရန်

စင်္ကာပူနိုင်ငံတွင် MAS သည် ရေရှည်တည်တံ့ခိုင်မြဲသော ချေးငွေများကို ထောက်ပံ့ရန် အစီအစဉ်အား ထုတ်ဖော်ပြောကြားခဲ့

စင်္ကာပူငွေကြေးရန်ပုံငွေအဖွဲ့ (MAS) ၏ အစီအစဉ်သစ်အရ အစိမ်းရောင်နှင့်ရေရှည်တည်တံ့ခိုင်မြဲသောငွေကြေးများရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုမ္ပဏီများနှင့်ဘဏ်များအနေဖြင့် မကြာမီ အထောက်အပံ့များ ပိုမိုရရှိလိမ့်မည်။ဆက်လက်ဖတ်ရှုရန်

ဥရောပ၌ အကြမ်းဖက်တိုက်ခိုက်မှုများ အပြီးတွင် စင်ကာပူနိုင်ငံ၏ Home Team agencies က သတိပေးခဲ့

စင်္ကာပူလုံခြုံရေးအေဂျင်စီများသည် စက်တင်ဘာလအစောပိုင်းမှစ၍ ဥရောပနှင့် ကမ္ဘာအနှံ့အပြားရှိအကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် သတိကြီးစွာဖြင့် နိုးနိုးကြားကြားရှိရန်အတွက် ပြည်ထဲရေး၀န်ကြီးဌာန (MHA) က အင်္ဂါနေ့ (နိုဝင်ဘာ ၂၄) ၌ ပြောကြားခဲ့သည်။ဆက်လက်ဖတ်ရှုရန်

ပြီးခဲ့သည့် ၃ လအတွင်း Changi Airport လေပိုင်နက်ထဲ တရားမဝင်မောင်းသူမဲ့လေယာဉ် ကျူးကျော်မှု ၂၀ ရှိခဲ့

စင်္ကာပူနိုင်ငံတွင် ပြီးခဲ့သည့်သုံးလအတွင်း Changi လေဆိပ်ဝန်းကျင်ရှိ ကန့်သတ်ထားသော လေကြောင်းပိုင်နက်ထဲသို့ တရားမဝင်မောင်းသူမဲ့လေယာဉ်ကျူးကျော်မှုပေါင်း ၂၀ ဖြစ်ပွားခဲ့ကြောင်း အကြီးတန်း၀န်ကြီး Teo Chee Hean က နိုဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ဆက်လက်ဖတ်ရှုရန်

SingapoRediscovers ဘောက်ချာများကိုဒီဇင်ဘာ ၁ ရက်မှ ပြန်လည်ထုတ်ယူနိုင်

စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းများ၏ လက်မှတ်နှင့် ခရီးစဉ်များအတွက် အသုံးပြုနိုင်သည့် SingaporeoRediscovers ဘောက်ချာများကို ဒီဇင်ဘာ ၁ ရက်မှစ၍ ပြန်လည်ထုတ်ယူနိုင်ကြောင်း စင်ကာပူခရီးသွားလာရေးဘုတ်အဖွဲ့ (STB) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ဆက်လက်ဖတ်ရှုရန်

စင်္ကာပူနှင့်မလေးရှားနိုင်ငံတို့ကြား နယ်စပ်ဖြတ်ကျော် ခရီးသွားအစီအစဉ်များကိုအကောင်အထည်ဖော်ခြင်းသည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်

နှစ်နိုင်ငံအစိုးရများအနေဖြင့် စင်ကာပူနှင့်မလေးရှားအကြား နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန်ဆုံးဖြတ်ချက်ဖြစ်သော Reiprocal Green Lane (RGL) နှင့် Periodic Commuting Arrangement (PCA) တို့သည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်သည်ဟု Johor ၀န်ကြီးချုပ် Hasni Mohammad ကပြောကြားသည်။ဆက်လက်ဖတ်ရှုရန်

SIA နှင့် Cathay ခရီးသည်များသည် စင်ကာပူ-ဟောင်ကောင် လေကြောင်းမှခရီးစဉ်များ ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ပြန်အမ်းငွေတောင်းခံနိုင်

လေကြောင်းခရီးစဉ်များနှောင့်နှေးနေခြင်းကြောင့် စင်ကာပူနှင့်ဟောင်ကောင်နိုင်ငံတို့အကြား ခရီးသွားလိုသောပြည်သူများသည် သူတို့၏လက်မှတ်အား အသုံးမပြုရသေးပါက အပြည့်အဝပြန်အမ်းနိုင်ပြီး ခရီးစဉ်ပယ်ဖျက်ခြင်းအတွက် အခကြေးငွေများကိုလည်း လျှော့ချနိုင်သည်ဟု စင်ကာပူလေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူက စနေနေ့( နိုဝင်ဘာလ ၂၁) တွင် ပြောကြားခဲ့သည်။ဆက်လက်ဖတ်ရှုရန်

စင်္ကာပူနိုင်ငံတွင် NUS က မာစတာသင်တန်းတချို့အတွက် ထောက်ပံ့ကြေးများကို ရန်ပုံငွေထောက်ပံ့ပေး

Skills Future Singapore (SSG) သည် သင်တန်းများအတွက် အကူအညီများကို ရုပ်သိမ်းပြီးနောက် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏အင်စတီကျု့တစ်ခုသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ၀င်ခွင့်အတွက် မာစတာတန်းသုံးခုအတွက် ထောက်ပံ့ငွေကို ရန်ပုံငွေထောက်ပံ့လိမ့်မည်။ဆက်လက်ဖတ်ရှုရန်

ဘရာစီယာနှင့် သော့များကို ခိုးယူသွားသော လူက နေအိမ်လိပ်စာပြောင်းလဲမှုကို သတင်းပို့ခြင်း မရှိခဲ့

ကြာသပတေးနေ့ (နိုဝင်ဘာ ၁၉) တွင် အိမ်ဖောက်ထွင်းမှုဖြင့် ပြစ်မှုရှိသော လူတစ်ယောက်သည် နေရပ်လိပ်စာအပြောင်းအလဲကို အကြောင်းကြားရန် ပျက်ကွက်ခဲ့၍ တရားစွဲခံရသည်။ အိမ်တွင်းဖောက်ထွင်းမှုအတွက် အသက် ၂၈ နှစ်ရှိပြီဖြစ်သော Jonathan Liao အား တရား၀င်စာရွက်စာတမ်းများအရ ဒေါ်လာ ၂၅ တန်ဖိုးရှိသော ဘရာစီယာနှင့် ဒေါ်လာ ၇.၅၀ တန်ဖိုးရှိသည့် သော့သုံးချောင်းတို့ကို ခိုးယူသည်ဟု စွပ်စွဲခဲ့သည်။ဆက်လက်ဖတ်ရှုရန်