ကိုဗစ်ကြောင့် အိမ်လခမပေးနိုင်တော့လို့ ရွာပြန်ရတော့မယ် ဆိုတဲ့ သင်းသင်း

Share ရန်


အမှုကိစ္စတစ်ခုကြောင့် နာမည်ကြီး လူသိများလာတဲ့ အလှမယ်သင်းသင်းကို ကိုဗစ်ကာလမှာ ဘယ်လိုအခက်ခဲတွေရှိလဲ၊ ဘာတွေလုပ်ဖြစ်နေလဲဆိုတာကို အင်တာဗျူးကြည့်တဲ့အခါ…

ကိုဗစ်ကာလမှာအားလုံးက အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ နားလည်ပါတယ်။ အခုလောလောဆယ် stay home ကာလမှာ အမကအပြင်သိပ်မထွက်ဖြစ်ဘူး။ ပရဟိတလုပ်ငန်းတွေလည်း မလုပ်ဖြစ်ဘဲ နားထားရတယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွှတ်စွာ လိုက်နာနိုင်သလောက် လိုက်နာတယ်။ အိမ်မှာ အမေနဲ့ မောင်လေးလဲ ရှိတော့ အပြင်လဲမထွက်ဖြစ်ဘူး။

Thin

ဟိုနေ့က ဘေးကပ်လျက်တိုက်က တွေ့သွားတော့ စိုးရိမ်တယ်။ မဖြစ်မနေထွက်လုပ်ရတယ်ဆိုရင်တော့ အကုန်ကာကွယ်ပါတယ်။ mask ကိုဗူးလိုက်ဆောင်သွားတယ်။ လမ်းမှာ မတပ်တဲ့သူတွေတွေ့ရင် ပေးလိုက်တယ်။ အခုဒုတိယလှိုင်းက အရမ်းကြောက်ဖို့ကောင်းတယ်။ ညဘက်တွေဆိုလည်း အိပ်မပျော်တော့ဘူး။ တောင့်ခံရမယ့်အနေထားမှာ အဆင်မပြေတာက ပိုက်ဆံကို ဘဏ်ထဲမှာလည်း မထည့်ထားနိုင်တော့ နောက်မှာ ကိုယ့်ကိုမှီခိုနေတဲ့သူတွေရှိတယ်။ ဘယ်လိုဖြတ်သန်းရမလဲဆိုတာတောင် မသိဘူး။

Thin1 2

သင်းကို ခက်ခဲနေတဲ့အချိန်မှာ ပေးတဲ့သူတွေလည်း ရှိပါတယ်။ အဲကြောင့် တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက် အဆင်မပြေဘူး။ သူတို့ဆို ကိုယ့်ကိုသနားလို့ ထောက်ပံ့ပေးနေတာတွေလည်း ရှိပါတယ်။ အိမ်လခခြောက်လစာချုပ်ပြီးမှ ကိုဗစ်ထပ်ဝင်လာတော့ ဘယ်ချိန်ပြီးမှာလဲ မသိဘူးလေ။ ကိုယ့်မှာလည် အပိုငွေမရှိတော့ စီစဉ်ထားတာက ရွာပြန်နေလိုက်ဖို့ပဲ စဉ်းစားထားတယ်။

Thin3 2

ထပ်ပြီးမငှားနိုင်တော့ဘူး။ ဒီမှာ နေရတာလည်း အစစအရာရာ အဆင်မပြေနိုင်ဘူး။ online shopping လုပ်တော့ ကိုယ့်ကိုအားပေးကြတဲ့ သူ‌တွေရှိတယ်။ ကိုယ်ရောင်းတာက အစားအစာတွေမဟုတ်တော့ အခုကာလမှာ သူတို့ကိုလည်း အားနာတယ်။ စားသောက်မှုရောင်းဖို့အတွက်ကျတော့လည်း အရင်းနှီးမရှိဘူး။ ကိုယ့်ကိုအားပေးနေတဲ့ သူတွေကို ပြန်အားနာလို့ အခုကိုဗစ်ကာလမှာ မရောင်းဖြစ်ဘူး။ လုံးဝစိတ်ဓာတ်ကျ သွားတယ်။

Thin4 2

တချို့ဆို ရောင်းပေးဖို့ လာငှားကြတယ်။ အကုန်ပြန်ဖျက် လိုက်တယ်။ ရွာပြန်ဖြစ်တာက ကိုဗစ်ကဘယ်လိုဆက်သွားမယ်ဆိုတာ မသိတဲ့အတွက် အဆောင်နေဖို့လည်း အဆင်မပြေဘူး။ အိမ်လခ ထပ်မချုပ်နိုင်ရင် ပြန်နေရမယ်။ အစားသောက်ကစ ရွာမှာအကုန်သက်သာတယ်။ အလုပ်လက်မဲ့ဆိုတော့ ဆက်မငှားနိုင်တော့လို့ ပြောတာပါဆိုပြီး အခက်ခဲတွေကို ရင်ဖွင့်သွားပါတယ်။
Credit: Sunday Journal

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ