စင်္ကာပူနိုင်ငံတွင် လုပ်ငန်းကြီးများ ပြန်လည်စတင်တော့မည် ဖြစ်သောကြောင့် လူစည်ကားသော နေရာများတွင် Trace Together token ကို မဖြစ်မနေ အသုံးပြုရမည်

Share ရန်


စင်္ကာပူနိုင်ငံတွင် မကြာမီ လုပ်ငန်းကြီးများ ပြန်လည်စတင်လာသည်နှင့်အမျှ လူများစွာ အစုအဖွဲ့များနှင့် လှုပ်ရှားမှုများ ပြုလုပ်နေသည့် နေရာအချို့တွင် Safe Entry ကို စစ်ဆေးရန်အတွက် Trace Together အက်ပလီကေးရှင်း သို့မဟုတ် token ကို မဖြစ်မနေ အသုံးပြုရမည်။

Safe3

Smart Nation and Digital Government Office (SNDGO) သည် ယခုနှစ်ကုန်တွင် စင်္ကာပူနိုင်ငံရှိ လူစည်ကားသော နေရာများတွင် Trace Together token ကို Safe Entry အဖြစ် တဖြည်းဖြည်းအကောင်အထည်ဖော်လိမ့်မည်ဟု အင်္ဂါနေ့ (အောက်တိုဘာ ၂၀) က ကြေငြာခဲ့သည်။

Safe1

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကာလတွင် မကြာမီပြန်လည်ဖွင့်တော့မည့် လုပ်ငန်းများနှင့် လူစည်ကားသော နေရာများအား ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတော်အနေဖြင့် ပြင်ဆင်နေသောကြောင့် identity cards ကိုဖတ်ခြင်းကဲ့သို့သော Safe Entry နည်းလမ်းများမှ ဤကဲ့သို့ Trace Together token သို့ပြောင်းလဲလိုက်ခြင်းသည် ပို၍ အရေးကြီးသည်။

ဆက်စပ်သတင်း
စင်္ကာပူနိုင်ငံတွင် Trace Together token များကို ဖြန့်ဖြူးရန် ရွေ့လျားကောင်တာများဖြင့် နေရာပေါင်း အခု၁၀၀အတွက် ထပ်မံတိုးချဲ့

Safe4

App နှင့် token နှစ်ခုလုံးပါသော Trace Together အစီအစဉ်သည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများအတွက်အနီးကပ်ထိတွေ့ခဲ့သူများ၏ အဆက်အသွယ်များ စာရင်းကိုပေးရန် စီစဉ်ခြင်းဖြစ်သည်။

Safe3

Safe Entry နှင့်ပတ်သက်၍ digital systems နှင့် programme တို့သည် ကိုရိုနာဗိုင်းရပ်စ်လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အဆက်အသွယ်များကို ခြေရာခံခြင်းအား ဖော်ထုတ်ရန်အတွက် ကြာချိန်လေးရက်မှ ပျမ်းမျှအားဖြင့် နှစ်ရက်ထိ အချိန်ကိုလျှော့ချနိုင်မည်ဖြစ်သည်။ ဤနည်းလမ်းသည် လူအဖွဲ့အစည်းကြားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့ပွားခြင်းကို ကာကွယ်နိုင်သည်။
Credit: CNA

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ