ကိုရိုနာဗိုင်းရပ်စ်ရောဂါမှလူပေါင်း ၈၀,၀၀၀ ကိုကယ်တင်လိုက်နိုင်တဲ့ ဗီယက်နမ်နိုင်ငံ

Share ရန်


ဗီယက်နမ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်သည့် လူနာသုံးဦးကိုစမ်းသပ်စစ်ဆေးပြီးနောက် Da Nang၏ ဗဟိုမြို့တော်မှ နိုင်ငံခြားခရီးသည်များဖြစ်ကြအပါအဝင် လူပေါင်း ၈၀,၀၀၀ ကိုကာကွယ်လိုက်နိုင်သည်။ ဧပြီလတနင်္ဂနွေနေ့ကတည်းက ပထမဆုံးကူးစက်မှုကို အတည်ပြုပြီးနောက် အရှေ့တောင်အာရှနိုင်ငံတွင် ကူးစက်မှုအရှိန်မြင့်တက်လာသည်။

ကယ်ဆယ်ရေးများကို Da Nang မှ ဗီယက်နမ်နိုင်ငံ၏ မြို့ပေါင်း ၁၁ မြို့သို့ ပြည်တွင်းလေယာဉ်ပေါင်း ခန့်မှန်းခြေအားဖြင့် အစီး ၁၀၀ ခန့်နှင့်အတူ အနည်းဆုံးလေးရက် ကြာပြုလုပ်လိမ့်မည်ဟု အစိုးရကဖော်ပြခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် တင်းကျပ်သော ကျန်းမာရေးသီးခြားထားရှိမှုများနှင့် ကူးစက်ရောဂါကာလအတွင်း ကြီးမားသောစမ်းသပ်မှုများကို ချမှတ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ယခုအချိန်ထိ နိုင်ငံခြားခရီးသွားလာခြင်းများကို ကန့်သတ်ထားသည်။ သို့သော် ပြည်တွင်းဟိုတယ်များနှင့် အပန်းဖြေစခန်းများသို့ လျှော့စျေးလေယာဉ်ခရီးစဉ်များနှင့် အားလပ်ရက်ခရီးစဉ်များအား အသုံးချရန် ပြည်တွင်းခရီးသွားများအရေအတွက် ပိုမိုမြင့်တက်လျက်ရှိခဲ့သည်။

Da Nang မှနိုင်ငံ၏တခြားဒေသများသို့ပြန်လာသူများသည် မိမိအိမ်တွင်းမှာပင် ကျန်းမာရေးကာကွယ်မှုအနေဖြင့် ၁၄ ရက်ကြာသီးခြားနေထိုင်ရမည်ဟု အစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့တွင် ကူးစက်ခဲ့သော ရောဂါကူးစက်မှုအသစ် ၃ ခုတွင် Quang Ngai ပြည်နယ်ရှိ ၁၇ နှစ်အရွယ်ကောင်လေးနှင့် Da Nang မှ ၇၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်။

Da Nang မှ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန် နိုင်ငံ၏ဆက်လက်ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်သောမြို့တော်မှကယ်ဆယ်ခြင်း အစိတ်အပိုင်း ဖြစ်သည်။ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် စနေနေ့တွင် ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်မပြုခဲ့မီ ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းကူးစက်မှုမရှိပဲ ၉၉ ရက်ဆက်တိုက် ကူးစက်မှုကင်းမဲ့ခဲ့သည်။

၀ န်ကြီးချုပ် ငုယင်ဆွမ်ဖွတ်က စနေနေ့တွင် ဗီယက်နမ်နိုင်ငံ၏ အဓိကခရီးသွားသည့် နေရာတစ်ခုဖြစ်သော Da Nang မှာ အကြီးအကျယ်ထိတွေ့စစ်ဆေးခြင်းနှင့် အကြီးစားစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သူက ချက်ချင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ တိုင်းပြည်အတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းများ အထူးသဖြင့် Da Nang နှင့် Quang Nam ပြည်နယ်များသို့လာရောက်ခြင်းကို တင်းကျပ်စွာစည်းကမ်း ချမှတ်ထားသည်။

တနင်္ဂနွေနေ့တွင် နိုင်ငံပိုင်မီဒီယာများက Da Nang ရှိ ရဲများသည် အသက် ၄၂ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးအား ဖမ်းဆီးခဲ့သည်ဟုဆိုသည်။ တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုများကို ကူညီပေးနေသော ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်သည်။ တာ၀န်ရှိသူများသည် တရား၀င်လူ၀င်မှုကြီးကြပ်ရေးနှင့် တရား၀င်ဆက်စပ်မှု မရှိသေးပေ။ Credit: Sky News


Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ

error: Alert: Content is protected !!