စင်္ကာပူနိုင်ငံတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် လှေလှော်ခြင်းများကို လူဦးရေ ၂၀ ထိခွင့်ပြုမည်
စင်္ကာပူနိုင်ငံတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် လှေလှော်ခြင်းများအတွက် နိုဝင်ဘာ ၁ ရက်မှစ၍ လူဦးရေ ၁၀ ယောက် မှ အယောက် ၂၀ အထိ တိုးမြှင့်ပြီး ခွင့်ပြုသွားမည်ဟု Singapore Tourism Board (STB)က အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

၎င်းခွင့်ပြုချက်ထဲတွင် tour guide မပါဝင်ပေ။ နိုင်ငံခြားသားအဖွဲ့ဝင်များအတွက် လူစုလူဝေးအကန့်သတ်တစ်ခုအနေဖြင့် လူငါးဦးထိသာ သတ်မှတ်ထားဆဲဖြစ်ကြောင်း Singapore Tourism Board (STB)က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သို့သော် အုပ်စုတစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်သွယ်နိုင်သည်။ အုပ်စုတစ်ခုနှင့်တစ်ခု ကျန်းမာရေးလမ်းညွှန်ချက်များအရ လူနေမှုအကွာအဝေးကို အနည်းဆုံး ၁ မီတာအကွာ၌ နေရမည်ဖြစ်ပြီး အချိန်တိုင်း ၎င်းသတ်မှတ်ချက်အတိုင်း နေထိုင်ရမည်။

ဇွန် ၂ ရက်တွင် ဒေသတွင်း COVID-19 ပြန့်ပွားမှုကို ရပ်တန့်ရန် စင်ကာပူနိုင်ငံသည် ၎င်း၏ circuit breaker အခြေအနေကာလမှ ရုန်းထွက်နိုင်ခဲ့ပြီး ပြန်လည်ဖွင့်လှစ်ခြင်းမှာ အဆင့် ၁ သို့ရောက်ရှိခဲ့သည်။

လုံခြုံစိတ်ချရသော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ဇွန် လ ၁၉ ရက်တွင် စင်္ကာပူနိုင်ငံသည် အဆင့် ၂ သို့ ရောက်ခဲ့သည်။
Credit: CNA