အောက်တိုဘာလနှင့် နိုဝင်လာလတွင် ကိုရိုနာဗိုင်းရပ်စ်သေဆုံးမှုများ ပိုမိုမြင့်တက်နိုင်ဟု WHO ပြောကြား
ကမ္ဘာကျန်းမာရေးအဖွဲ့က ဥရောပတွင် နိုဝင်ဘာလနှင့်အောက်တိုဘာလများ၌ ကိုရိုနာဗိုင်းရပ်စ်သေဆုံးမှုများ ပိုမိုမြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။ မကြာသေးမီရက်သတ္တပတ်များအတွင်း ဥရောပ၌ အထူးသဖြင့် စပိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ကူးစက်မှုနှုန်းသည် သိသိသာသာမြင့်တက်ခဲ့သည်။

သောကြာနေ့ (စက်တင်ဘာ ၁၁) နေ့တွင် ဥရောပကမ္ဘာကျန်းမာရေးအဖွဲ့က စောင့်ကြည့်လေ့လာသည့်နိုင်ငံ ၅၅ နိုင်ငံတွင် ရောဂါဖြစ်ပွားမှုအသစ် ၅၁၀၀၀ ကျော်ရှိကြောင်း ဧပြီလတွင် အမြင့်ဆုံးပမာဏထက်ကျော်လွန်ခဲ့ကြောင်း ပြောခဲ့သည်။
ဆက်စပ်သတင်း
ကိုရိုနာဗိုင်းရပ်စ်လူနာနဲ့ ထိတွေ့ဆက်စပ်ခဲ့သူကို ရောဂါလက္ခဏာမပြမီ စစ်ဆေးသင့်ကြောင်း WHO ပြောကြား

ဥရောပတွင် ကူးစက်မှုနှုန်းပိုမို မြင့်တက်နေသော်လည်း သေဆုံးမှုနှုန်းသည် တည်ငြိမ်နေဆဲဖြစ်သည်။ သို့သော် ပြန်လည်ကူးစက်လာမှုများကြောင့် သေဆုံးမှုများသည်လည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

ကမ္ဘာကျန်းမာရေးဆိုင်ရာ ဥရောပနိုင်ငံများမှ အဖွဲ့၀င်နိုင်ငံပေါင်း ၅၀ ကျော်သည် တနင်္လာနေ့တွင် အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်နေကြသည်။ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်မှုများကို ဆွေးနွေးခဲ့ကြပြီး ငါးနှစ်တိုင်နည်းဗျူဟာ တစ်ခုကို သဘောတူခဲ့ကြသည်။
ဆက်စပ်သတင်း
ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ မျှော်လင့်ချက်မရှိသေးသောကြောင့် WHO ကစိုးရိမ်နေ

သို့သော် ကိုပင်ဟေဂင်အခြေစိုက် Kluge သည် ကာကွယ်ဆေးဖွံ့ဖြိုးမှုသည် ကူးစက်မှုကို အဆုံးသတ်လိမ့်မည်ဟု ယုံကြည်သူများအား သတိပေးခဲ့သည်။
Credit: CNA