ကျွန်မကသူများ ပိုးစာ၊ပန်းစာ အမ်းစာ မစားဘူး၊ အမ်းချင်အမ်း ကျွန်မပဲအမ်းမှာဆိုတဲ့ ဝင်းမင်းသန်း

Share ရန်


အနုပညာလောကမှာ blogger တစ်ယောက်အနေနဲ့ စတင်နာမည်ကြီးလာပြီး ပရိတ်သတ်အားပေးမှုရရှိထားတဲ့အပြင် အခုချိန်ထိ တစ်ကိုယ်တည်းလျှောက်လှမ်းနေတဲ့ ဘဝခရီးမှာရော နောက်ထပ်အပြောင်းအလဲတွေ ထပ်ဖြစ်အုံးမလားဆိုတာ…..

Win1

ကျွန်မက ယောင်္ကျားယူရင် ကိုယ့်အထုတ်အထည်နဲ့သွားမှာ။ ကျွန်မအပေါဆုံးက ပိုက်ဆံဆိုတော့ ကိုယ့်ဘက်က အမ်းမှာ။ ကျွန်မက အပျိုကြီးဆိုတော့ ဖူးစာဖက်ကလည်း လူပျိုကြီး တစ်ကိုယ်တည်းသမားဖြစ်ရမှာပေါ့။

Win2 1

တချို့ကတော့ အွန်လိုင်းမှာ အမြီးမြှောက်လည်းပြော အီးပေါက်လည်းပြောနဲ့ သူတွေလို အမကလျှောက်မတင်ဖြစ်ပါဘူး။ အမကိုယ်ပိုင်အချိန်လေးမှာ ကိုယ်လုပ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ်လေ။

Win3 1

ကျွန်မက သရုပ်ဆောင်တာ လုံးဝမဖြစ်ပါဘူး။ အသက်အရွယ်အရရော လုပ်ဖို့ အဆင်မပြေတော့ဘူးလေ။ အခုက နှစ်ကုန်ပိုင်းရောက်တော့မှာဆိုတော့ အားလုံးလည်း နှစ်ဟောင်းကစိတ်ညစ်စရာတွေ၊ မကောင်းတဲ့အရာတွေကို ထားခဲ့ပါ။

Win4 1

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အလုပ်အကိုင်တွေအဆင်ပြေချောမွေ့ပြီး အစစအရာရာဂရုစိုက်ကြပါ။ ကျန်းမာရေးကို အရမ်းဂရုစိုက်ရမယ့်အချိန်ကာလ ဖြစ်နေတဲ့အတွက် စိတ်ဓာတ်မကျဘဲ ကိုယ်လုပ်စရာရှိတာကိုပဲ ပိုအာရုံစိုက်ကြပါ။ အားလုံးလည်း အဆင်ပြေကြပါစေလို့ ဝင်းမင်းသန်းက ပြောသွားပါတယ်။
Source: Sunday Journal

Share ရန်
Daiwee

Daiwee

Hello! I'm Daiwee. I enjoy the writing content and translating the language. I also enjoy participation dances. More seriously, my friends describe me as easy going, a good listener.

ဆက်စပ်သတင်းများ